Перейти к содержимому

ခန္ဓသုတ်ပရိတ်တော် (ပါဠိ+မြန်မာပြန်) အစအဆုံး ☘️🙏 #dhamma #ခန္ဓသုတ်ပရိတ်တော်

အေးချမ်းရာ🫶

0:00 / 0:00

ခန္ဓသုတ်ပရိတ်တော် (ပါဠိ+မြန်မာပြန်) အစအဆုံး ☘️🙏 #dhamma #ခန္ဓသုတ်ပရိတ်တော်

29 просмотров · 10 дн. назад
အေးချမ်းရာ🫶
175 подписчиков
29 просмотров · 10 дн. назад
မြတ်စွာဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ် အချိန် ... ရဟန်းတစ်ပါးသည် ကျောင်းအပြင်ဘက်၌ ထင်းခွဲနေစဉ် မြွေကိုက်ခံရပြီး ပျံလွန်တော်မူသွားခဲ့လေသည်။ ထိုအကြောင်းကို ရဟန်းတော်များက မြတ်စွာဘုရားအား လျှောက်ထားကြသောအခါ ဘုရားရှင်က - "ရဟန်းတို့ ထိုရဟန်းသည် ဝိရူပက္ခ စသော နဂါးမင်းမျိုးတို့အား မေတ္တာမဖြန့်မျှခဲ့သောကြောင့် မြွေကိုက်ခံရခြင်းဖြစ်၏။ အကယ်၍ နဂါးမင်းမျိုးတို့အား မေတ္တာဖြန့်ခဲ့ပါမူ ထိုရဟန်းသည် မြွေကိုက်ခံရမည် မဟုတ်ပေ" ဟု မိန့်တော်မူလေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းတော်များ နောင်အခါ၌ သာသနာပြုစဉ် တောတောင်စခန်းတို့၌ ဘေးအန္တရာယ်မရှိဘဲ အေး ချမ်းစွာ တရားအားထုတ်နိုင်ရန်နှင့် မိမိ၏ကိုယ်ကို ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် "ခန္ဓသုတ်ပရိတ်တော်" ကို ဟောကြားတော်မူခဲ့လေသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော "ခန္ဓသုတ်ပရိတ်တော်" ထဲတွင် နဂါးမင်းမျိုး (၄) မျိုး ဖြစ်ကြသော ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ နဂါးမင်းမျိုးတို့နှင့်တကွ ခြေမရှိသော သတ္တဝါ ၊ ခြေ ၂ ချောင်း ရှိသော သတ္တဝါ ၊ ခြေ ၄ ချောင်း ရှိသော သတ္တဝါ ၊ ခြေများစွာ ရှိသော သတ္တဝါတို့အား မည်သို့မည်ပုံ မေတ္တာဖြန့်ဝေရမည်ကို ဟောတော်မူခဲ့လေသည်။ ဤ "ခန္ဓသုတ်ပရိတ်တော်" သည် ဘေးရန်ပြုတတ်သော သတ္တဝါတို့ကို ရန်သူဟု မမြင်ဘဲ မေတ္တာစိတ်ဖြင့် လွှမ်းမိုးကာ မိမိကိုယ်ကို အစောင့်အရှောက်နှင့် အရံအတား ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် သတ္တဝါတို့အား မေတ္တာပို့သပြီးနောက် "ဝိပဿီ" အစရှိသော ရှေးဘုရား ၇ ဆူ၏ ဂုဏ်တော်များကို အာရုံပြု၍ ရှိခိုးပူဇော်ခြင်းဖြင့် ပရိတ်တော်ကို အဆုံးသတ်ထားခဲ့ပါသည်။ ထို့ကြောင့် ဤ "ခန္ဓသုတ်ပရိတ်တော်" သည် အဆိပ်ရှိသော သတ္တဝါများ၊ တွားသွားသတ္တဝါများ၏ ဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မေတ္တာဘာဝနာ ပွားများရန်အတွက် လွန်စွာ အစွမ်းထက်လှသော မြတ်စွာဘုရားရှင် ကိုယ်တိုင် ဟောကြားတော်မူခဲ့သည့် ပရိတ်တော်ပင် ဖြစ်ပါပေတော့သည်☘️🙏☘️ #ခန္ဓသုတ်ပရိတ်တော် #ပါဠိမြန်မာပြန် #အစအဆုံး #viral #foryou #dhamma