Перейти к содержимому

ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ကုသမှုများပေးလျက်ရှိ

Shwe Yangon

0:00 / 0:00

ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ကုသမှုများပေးလျက်ရှိ

2 077 просмотров · 1 мес. назад
Shwe Yangon
221 тыс. подписчиков
2 077 просмотров · 1 мес. назад
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ကုသမှုများပေးလျက်ရှိ ရန်ကုန်၊ သြဂုတ် ၁၄ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မိုးရာသီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Residual Chlorine သတ်မှတ်ပမာဏရှိစေရန် Booster Chlorine ဆေးခပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် (၁၃) ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ (၁၉) လမ်း၊ လမ်း (၂၀) နှင့် စဉ့်အိုးတန်းလမ်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုရှိခဲ့သည့် လူနေတိုက်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များသို့ တာဝန်ရှိသူများနှင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်၍ Chlorine (ကလိုရင်း) ဆေးရည်များ ပက်ဖြန်းပေးကြသည်။ ထိုသို့ဆောင်ရွက်စဉ် ပြည်သူများ ရောဂါဘယ ကင်းဝေးစေရေးအတွက် လိုက်နာရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် ကာကွယ်ရေးနည်းလမ်းများကိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများအားလုံးတွင် ဩဂုတ် (၁၂) ရက် ညနေ (၃) နာရီအထိ စာရင်းများအရ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံသို့ လာရောက်တက်ရောက်ကုသသူ စုစုပေါင်း (၁၈၂) ဦးရှိပြီး ပိုးတွေ့ရှိသူ (၉၃) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁) ဦးရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ ရောဂါကြောင့်သေဆုံးသူ လုံးဝမရှိသေးဘဲ ရောဂါဖြစ်ပွားမှုအခြေအနေကို နိုင်နင်းစွာ ထိန်းချုပ်ကုသပေးနိုင်လျက်ရှိပြီး နေ့စဉ်ဆေးရုံများသို့ လာရောက်ကုသသူ အရေအတွက်မှာလည်း ယခင်ကထက် လျော့ကျလာပြီဖြစ်ကြောင်း သိရသည်။