အာဆီယံမျက်နှာစာပေါ်က မြန်မာ့အရေး - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
အာဆီယံမျက်နှာစာပေါ်က မြန်မာ့အရေး - BBC News မြန်မာ
167 781 просмотр · 10 месяцев назад
BBC News မြန်မာ
2,75 млн подписчиков
167 781 просмотр · 10 месяцев назад
အာဆီယံ ထိပ်သီး အစည်းအဝေးတုန်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတွေ ထူးခြားခဲ့လဲ ... ရှေ့ဆက် ဘာတွေ မြင်လာရနိုင်လဲ ဆိုတာတွေကို ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ် မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။
ဒီမိုကရက်တစ် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ စုဝေး တိုင်ပင်နိုင်တဲ့ အခင်းအကျင်းမျိုး ဖန်တီးပေးခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာမှာ နောက်လာမယ့်နှစ်ဆန်းက စပြီး ဖိလစ်ပိုင် စတင် သက်ဝင် လာတော့မှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ဒီမိုကရက်တစ် အင်အားစုတွေကြား ကြီးမားလွန်းနေဆဲ ကွာဟချက်ကို ကျော်လွှားနိုင်တဲ့ အထိ မဆောင်ရွက် နိုင်ခဲ့ပေမယ့်၊ မလေးရှားနိုင်ငံဟာ မြန်မာ့အရေး အင်မတန် အားထုတ် ကြိုးပမ်းခဲ့ပြီး၊ NUG ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတာကို လူသိရှင်ကြား ပြုလုပ်ခဲ့တာမျိုး အထိ ဘက်နှစ်ဘက်စလုံး အပေါ် တန်းတူ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်လက်ထက် မြန်မာ့အရေး အပေါ် အာရုံစိုက်မှုဟာ နိုင်ငံရေး တိုးတက်ပြောင်းလဲနိုင်စေရေး အပေါ် ဆက်ပြီး အာရုံ စိုက်မလား ... မြန်မာအခြေစိုက် နိုင်ငံတကာ ခြိမ်းခြောက်မှု ဖြစ်နေတဲ့ အွန်လိုင်း အလိမ်အညာ ကျားဖြန့် တွေကို ကိုင်တွယ် နိုင်ရေး ဆိုတဲ့ ရှုထောင့်ကနေ ပိုပြီး ချည်းကပ်လာမလား ...
စစ်တပ်ရဲ့ ရွေးကောက်နဲ့ ရွေးကောက်ပွဲ အလွန် ပေါ်လာမယ့် အစိုးရသစ် အပေါ်မှာရော အာဆီယံ ဘယ်လို သဘောထားမလဲ ... မြေရှားနဲ့ ပတ်သက်လို့ သမ္မတထရမ့်က ထိုင်းနဲ့ကြား နားလည်မှု စာချွန်လွှာ ထိုးခဲ့လို့ မြန်မာ့အရေး ကစားပွဲမှာ တရုတ်နဲ့အပြိုင် အမေရိကန် ပြန်ဝင်လာမလား .... စတဲ့ အချက်တွေ အပေါ် ဆွေးနွေးထားပါတယ်။
ဒီတစ်ပတ် ပါဝင် ဆွေးနွေးသူတွေကတော့ .... စင်္ကာပူနိုင်ငံ အခြေစိုက် သုတေသန အဖွဲ့ ဖြစ်တဲ့ အိုက်ဆက်-ယူဆွဖ် အီရှပ်ခ် အင်စတီကျုမှာ ဧည့်သုတေသီအဖြစ် လုပ်ကိုင်နေတဲ့ ထိုင်း အမျိုးသမီး နိုင်ငံရေး သိပ္ပံ ပညာရှင် ဒေါက်တာ ဆူရာချဏီ “ဟမ္မလီ” ဆရီရိုင် နဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ထဲမှာ အထွေထွေ သပိတ် ပူးပေါင်းဆောက်ရွက်ရေး ကော်မတီကို ကိုယ်စားပြုပြီး ကောင်စီဝင် အဖြစ် ပါဝင် ဆောင်ရွက် နေသူ Generation wave အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမိုဃ်းသွေးတို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး တင်ဆက်ထားတာကို နိုဝင်ဘာ ၁ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း