မျောက်ကျောက်ရောဂါအကြောင်း သင်ဘာတွေသိထားသင့်လဲ
Doctor P Myanmar
0:00 / 0:00
မျောက်ကျောက်ရောဂါအကြောင်း သင်ဘာတွေသိထားသင့်လဲ
3 632 просмотра · 2 года назад
Doctor P Myanmar
50,2 тыс. подписчиков
3 632 просмотра · 2 года назад
မျောက်ကျောက်ရောဂါအကြောင်း သင်ဘာတွေသိထားသင့်လဲ
ဩဂုတ်လ ၁၄ ရက် ၂၀၂၄ မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ မျောက်ကျောက်ရောဂါကို နိုင်ငံတကာပြည့်သူ့ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေအဖြစ် ကြော်ငြာလိုက်ပါတယ်။ ဒီလို ကြော်ငြာလိုက်တာကဒီ Virus ပိုးက နေပြီး ကမ္ဘာနိုင်ငံတွေ ကို ပြန့်နှံ့လာနိုင်ကြောင်း သတိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ စိတ်ချရတဲ့ နေရာတွေကနေ ကိုးကားပြီးတော့ မျောက်ကျောက်ရောဂါသိထားသင့်တာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီ video ထဲမှာ မျောက်ကျောက်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ၊ တစ်ဦးကနေ တစ်ဦး ကိုဘယ်လိုကူးစက်နိုင်လဲဆိုတာနဲ့ ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုကုသနိုင်လဲဆိုတာတွေကိုပြောပြထားပါတယ်။ ဒါဆိုစလိုက်ရအောင်။
မျောက်ကျောက်ရောဂါက ၁၉၅၈ ခုနှစ်မှာ ဓာတ်ခွဲခန်းက မျောက်တွေမှာ စတွေ့ရတာကြောင့် ဒီနာမည်ကို ရလာတာပါ။ ဒါပေမယ့် လည်း တကယ်တမ်းမျောက်တွေတင်မကဘဲ ရှဉ့်တွေကြွက်တွေမှာပါ တွေ့နိုင်ပါတယ်။ ပထမဆုံးလူတွေမှာတွေ့ရတာကတော့ ၁၉၇၀ ခုနှစ်မှာဖြစ်ပြီး democratic republic of the congo မှာဖြစ်ပါတယ်။
ဒါဆိုရင် မျောက်ကျောက်ရောဂါမှာတွေ့ရတဲ့ လက္ခဏာတွေ နဲ့ စလိုက်ရအောင်၊ စစချင်းမှာတော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာတာ၊ ချောင်းဆိုးတာစတဲ့ လက္ခဏာတွေနဲ့ စတတ်ပါတယ်။ နောက်ပြီးတော့ လက်တွေ၊ ခြေထောက်တွေ၊ ရင်ဘက်၊ မျက်နှာ, ပါးစက်နဲ့ လိင်အင်္ဂါနားတွေမှာ ပါ အဖုတွေ ပေါက်လာတတ်ပါတယ်။ အဖုအပိန့် တွေက အဆင့်တွေ အမျိုးမျိုးပြောင်းလဲပြီး အနာဖေးတက်ပြီး ခြောက်သွားပါလိမ့်မယ်။ သင့်အနေနဲ့ဒီလိုလက္ခဏာတွေ သတိထားမိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
#doctorpmyanmar #မျောက်ကျောက်ရောဂါ #education
Doctor P + Healthy Clicks Telegram channel - https://t.me/healthyclickers
Doctor P Facebook Page - https://www.facebook.com/profile.php?...
For business purpose, please contact - healthzone2222@gmail.com
Disclaimer - This video is for entertainment purpose only. For your specefic health issue, please contact with your GP or healthcare provider.