Перейти к содержимому

“ကျနော့်သမီးလေးလို အမိမဲ့သွားတဲ့လူတွေ တပုံကြီးပဲ…”

MizzimaTV

0:00 / 0:00

“ကျနော့်သမီးလေးလို အမိမဲ့သွားတဲ့လူတွေ တပုံကြီးပဲ…”

3 078 просмотров · 6 ч назад
MizzimaTV
3,36 млн подписчиков
3 078 просмотров · 6 ч назад
“ကျနော့်သမီးလေးလို အမိမဲ့သွားတဲ့လူတွေ တပုံကြီးပဲ…” — အိုးဘိုထောင်တွင်း သေဆုံးခဲ့ရသူ CDM ဆရာမ ဒေါ်ခင်သီတာအောင်၏ ခင်ပွန်း ကိုညီညီအောင် (အင်တာဗျူး) ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရစဉ် မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့် မရရှိဘဲ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကြေကွဲစွာ သေဆုံးသွားခဲ့ရသူကတော့ CDM ဆရာမ ဒေါ်ခင်သီတာအောင်ပဲ ဖြစ်ပါတယ်။ ဆရာမဟာ ခင်ပွန်းဖြစ်သူ အားငယ်စိတ်ဓာတ်ကျချိန်တိုင်း ဖေးမကူညီခဲ့တဲ့ဇနီး၊ သမီးငယ်လေးအတွက် အရာရာထက် အရေးပါတဲ့ မိခင်ကောင်းတဦးလည်း ဖြစ်ခဲ့ပါတယ်။ "ပြန်လည်လွတ်မြောက်လာရင် သမီးလေးကို အတူတူ ပြုစုစောင့်ရှောက်မယ်" လို့ မျှော်လင့်ထားခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီအောင်ဟာ အခုတော့ ရုတ်တရက်ဆိုသလို မိသားစု၏ မီးအိမ်ရှင်ကို ထာဝရ ဆုံးရှုံးလိုက်ရပါပြီ။ ကျနော့်သမီးလေးလို အမိမဲ့သွားတဲ့လူတွေ တပုံကြီးပဲ" ဆိုပြီး ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီအောင်ရဲ့ ရင်တွင်းခံစားချက်များနှင့် မိသားစုဘဝဆိုးကွက်များကို ယခုအင်တာဗျူးတွင် တင်ဆက်ပေးလိုက်ပါတယ်။ တည်းဖြတ်/တင်ဆက် - ယမင်းဖူးပွင့်အောင် #ဒေါ်ခင်သီတာအောင် #CDM #အိုးဘိုထောင် #ဦးညီညီအောင် ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co