Перейти к содержимому

Khit Thit Morning News | 7 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 7 August 2026

372 967 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
372 967 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းအစိုးရက တရားဝင်လက်ခံကြိုဆိုခဲ့တာဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ်နဲ့ နိုင်ငံတကာဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အပြင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှု ကိုပါ ထိခိုက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီ (People's Party – PP) က ဝေဖန်သတိပေးလိုက်ပါတယ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးရုံနဲ့ နယ်စပ်ပြဿနာတွေနဲ့ ကော့မြစ်အတွင်း အဆိပ်အတောက် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ စစ်အုပ်စုကို နိုင်ငံရေးအရ ပိုပြီး တရားဝင်မှုရ စေနိုင် တယ်လို့ ထိုင်းလွှတ်တော် ဥပဒေရေးရာ၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ဝေဖန်ပြောဆိုလိုက်ပါတယ်။ -စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ထိုင်းရောက် မြန်မာနိုင်ငံသားတွေဟာ မနေ့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အီရန်နဲ့ အိုမန်တို့ကြား ဆွေးနွေးနေတဲ့ သဘောတူညီချက်တစ်ခုသာ အောင်မြင်သွားမယ်ဆိုရင် အီရန်နဲ့ အမေရိကန်တို့ကြား ငါးလကြာစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အထောက်အကူဖြစ်လာနိုင် သလို၊ ဟော်မုဇ် ရေလက်ကြား ကနေ ပါရှန်းပင်လယ်ကွေ့ထဲ ဝင်လာတဲ့ သင်္ဘောတွေကို အီရန်က ထိန်းချုပ်ခွင့်ရ လာမယ် လို့ အီရန်အရာရှိအဆင့်မြင့်တစ်ဦးကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်