စစ်ကိုင်း - ကချင်အစပ်၊ အင်းတော်နယ် မော်လူးမြို့မှာ လေးရက်ဆက် တိုက်ပွဲ ပြင်းထန်နေ၊
Mandalay Free Press - MFP
0:00 / 0:00
စစ်ကိုင်း - ကချင်အစပ်၊ အင်းတော်နယ် မော်လူးမြို့မှာ လေးရက်ဆက် တိုက်ပွဲ ပြင်းထန်နေ၊
2 281 просмотр · 5 ч назад
Mandalay Free Press - MFP
341 тыс. подписчиков
2 281 просмотр · 5 ч назад
စစ်အုပ်စုက ပြည်သူနဲ့ ခရီးသွားတွေကို လူသားဒိုင်း အသုံးချနေပြီး မြို့ထဲက ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထား၊
ဗုံးကြဲခံရလို့ ကလေးငယ်တစ်ဦးနဲ့ ကားဆရာတစ်ဦး သေဆုံးကာ ကားတွေ ပျက်စီး၊
လှိုင်း / MFP၊ နိုဝင်ဘာ - ၇
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ လေးရက်ဆက် အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက ပြည်သူနဲ့ ခရီးသွားတွေကို မြို့ထဲ ပိတ်လှောင်ထားကာ ဓားစာခံ လူသားဒိုင်ကာ အဖြစ် အသုံးချနေပြီး မော်လူးမြို့ထဲက ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက် ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်ကစလို့ ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းပေါ်ရှိ မော်လူးမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခရီးသွားတွေကို စစ်အုပ်စုက မြို့ပြင်ထွက်ခွင့်မပေးဘဲ ဓားစာခံ လုသားဒိုင်းကာအဖြစ် အသုံးချနေတာလို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #အင်းတော် #မော်လူးမြို့ (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။)
Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။
Facebook: / mandalayfreepress
YouTube: / @mandalayfreepressmfp
#MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်