ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ကြောင့် ဘာတွေဖြစ်လာနိုင်လဲ
CJ Platform
0:00 / 0:00
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ကြောင့် ဘာတွေဖြစ်လာနိုင်လဲ
31 888 просмотров · 13 часов назад
CJ Platform
147 тыс. подписчиков
31 888 просмотров · 13 часов назад
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ကြောင့် ဘာတွေဖြစ်လာနိုင်လဲ
ဒီကနေ့ အောက်တိုဘာ ၂၁ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
ဒီနေ့ အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့အတွက် မြန်မာနိုင်ငံအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်ကို ပြောပြသွားပါတော့မယ်။ဘင်္ဂလားပင်လယ်အော်မှာ လာမယ့်ရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဖြစ် အားကောင်းလာနိုင်တဲ့ အလားအလာရှိနေပါတယ်။ တစ်ဖက်မှာလည်း ဒီနေ့ မြန်မာနိုင်ငံတစ်ဝန်း မိုးရွာနိုင်ခြေ နည်းပါးနေဆဲဖြစ်ပေမဲ့ အပူချိန်မြင့်တက်မှုနဲ့ မိုးတိမ်တောင်အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ပါတယ်။
ဥရောပမော်ဒယ် ECMWF၊ အမေရိကန်မော်ဒယ် GFS နဲ့ ဂျာမနီမော်ဒယ် ICON တို့ရဲ့ ခန့်မှန်းချက်တွေအရ အောက်တိုဘာ ၂၂ ရက်နဲ့ ၂၃ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒီစနစ်ဟာ အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်ဝန်းကျင်မှာ ပိုမိုအားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၅ ရက်ဝန်းကျင်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ မော်ဒယ်အချို့က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မုန်တိုင်းဖြစ်ပေါ်မယ့်နေရာ၊ ရွေ့လျားမယ့်လမ်းကြောင်းနဲ့ အားကောင်းမှုတွေဟာ ပြောင်းလဲနိုင်သေးတာကြောင့် CJ Platform ရဲ့ နောက်ဆုံးရ မိုးလေဝသခန့်မှန်းချက်တွေကို ဆက်လက်စောင့်ကြည့်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်။
#CJPlatform #မိုးလေဝသခန့်မှန်းချက် #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းသတိပြု #အပူချိန်မြင့်တက်မှု