Перейти к содержимому

Khit Thit Morning News |8 November 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News |8 November 2026

17 357 просмотров · 1 ч назад
Khit Thit Media
3,31 млн подписчиков
17 357 просмотров · 1 ч назад
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ ပြည်တွင်းမှာ ပုဂ္ဂလိကဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ငွေကြေးကျပ်ဘီလီယံ သိန်းသောင်းချီဟာ ပြန်မရရှိဘဲဆုံးရှုံးနေပြီး ပုဂ္ဂလိကဘဏ်တွေလည်း ငွေကြေးအကျပ်အတည်း ဆိုက်လာနေတဲ့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေမပြုလဲအောင် တိုက်ရိုက်ဝင်ရောက် ဖြေရှင်းနေရတဲ့ အခြေနေတွေနဲ့ မနည်း ထိန်းနေရတယ်လို့ UMFCCI နဲ့ ဗဟိုဘဏ်သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကိုပြောလာပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်း သတ်မှတ်အင်အား ပြည့်မီရေးအတွက် အထက်အဆင့်ဆင့်ရဲ့ ဖိအားပေးမှုတွေကြောင့် အောက်ခြေမှာ ဥပဒေမဲ့လူဖမ်းပွဲတွေ ၊ ခေတ်စနစ်အသစ်ပုံစံ လူကုန်ကူးမှုတွေ ပိုမိုကျယ်ပြန့်လာတယ်လို့ MDSI ကထောက်ပြပြောဆိုလာပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၅ နှစ်ကြာလာ ပြီဖြစ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ရှင်းလင်းတိကျတဲ့ မဟာဗျူဟာ မရှိသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် ဆီဟာဆက် က ဝေဖန်လိုက်ပါတယ်။ အမေရိကန် က အီရန်ကို နောက်ထပ်တိုက်ခိုက်မလားဆိုတဲ့ ဆုံးဖြတ်ချက်ကို မကြာခင် သိရတော့မယ်လို့ သမ္မတ ထရန့်က ပြောလာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။