Перейти к содержимому

အမေရိကန်လက်နက်တွေ ဝယ်မလားလို့ ရှီကျင့်ဖျင်ကိုထရမ့်ကမ်းလှမ်း | People's Spring

People's Spring

0:00 / 0:00

အမေရိကန်လက်နက်တွေ ဝယ်မလားလို့ ရှီကျင့်ဖျင်ကိုထရမ့်ကမ်းလှမ်း | People's Spring

4 855 просмотров · 15 часов назад
People's Spring
701 тыс. подписчиков
4 855 просмотров · 15 часов назад
အမေရိကန်လက်နက်တွေ ဝယ်မလားလို့ ရှီကျင့်ဖျင်ကိုထရမ့်ကမ်းလှမ်း စက်တင်ဘာလ - ၂၈ ၊ ၂၀၂၆ အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်ကို တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်ချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အတွက် အမေရိကန်က လက်နက်တွေ ရောင်းချပေးနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ထရမ့်က အမေရိကန်ဟာ တရုတ်ဆီကိုလည်း လက်နက်တွေ ရောင်းပေးနိုင်ပါတယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက Fox သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ် ပြုမထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ စစ်လက်နက်တွေ ရောင်းချပေးနေပါတယ်။ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေကလည်း ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အကူအညီပေးဖို့ စစ်လက်နက်တွေ ထောက်ပံ့ရောင်းချပေးရေး ပြဋ္ဌာန်းထားပါတယ်။ သမ္မတရှီရဲ့ ဝါရှင်တန်ဒီစီ မြို့တော် ခရီးစဉ် အတောအတွင်း တရုတ်အစိုးရဟာ ထိုင်ဝမ်ဆီ အမေရိကန် လက်နက် ရောင်းချပေးနေတာကို စိုးရိမ်တဲ့အကြောင်း ထပ်ပြောလာပြန်တယ်လို့ သံအမတ်ကြီး ပါဂျူးက ဆိုပါတယ်။ အဲဒီအခါ ထရမ့်က အမေရိကန်ဟာ ကမ္ဘာအနှံ့ကို စစ်လက်နက်တွေ တင်ပို့ ရောင်းချနေတဲ့အကြောင်း ပြန်ပြောပြခဲ့ပြီး ဆန္ဒရှိမယ်ဆိုရင် တရုတ်ရော အမေရိကန်ရဲ့ လက်နက်တချို့ကိုများ ဝယ်ယူချင်သလားလို့ ရှီကို ကမ်းလှမ်းခဲ့ကြောင်း ပါဂျူးက ပြောကြားသွားပါတယ်။ မနှစ်က ဒီဇင်ဘာလတုန်းက အမေရိကန်ဟာ ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁.၁ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချပေးဖို့ သဘောတူ လက်ခံခဲ့ပါတယ်။ ပါဂျူးကတော့ ၁၉၇၉ နောက်ပိုင်း ဘယ်အမေရိကန် သမ္မတထက်မဆို ထရမ့်ဟာ ထိုင်ဝမ်အတွက် လက်နက်တွေ အများဆုံး ရောင်းချပေးခဲ့တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် ခရီးစဉ်မှာတော့ ရှီက ထရမ့်အနေနဲ့ ထိုင်ဝမ်အရေးမှာ အမြော်အမြင်ရှိရှိ ချဉ်းကပ်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမယ့် အစီအစဉ် မှန်သမျှကို အမေရိကန်က အတိအလင်း ဆန့်ကျင်ကြောင်း ကြေညာပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ကိုးကား: AFP 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထရမ့်နဲ့ရှီကျင့်ဖျင် #အမေရိကန်တရုတ်ဆက်ဆံရေး #လက်နက်ရောင်းဝယ်ရေးကမ်းလှမ်းမှု #နိုင်ငံတကာသတင်း #TrumpXiJinping #USChinaRelations #USArmsSales #WorldPolitics #WorldNews