Перейти к содержимому

ကြက်အရေခွံကြော်

Ei San's homemade Inspiration

0:00 / 0:00

ကြက်အရေခွံကြော်

18 374 просмотра · 6 лет назад
Ei San's homemade Inspiration
60,7 тыс. подписчиков
18 374 просмотра · 6 лет назад
ကြက်အရေခွံကြော်ကြွပ်ကြွပ်လေးကို စားကောင်းအောင်ဘယ်လိုလုပ်မလဲ။ သိချင်နေတဲ့သူတွေ ဒီနည်းလေးကို ကြည့်ကြည့်နော်။ ကြက်အရေခွံကြော်တာမှာက ပညာသားမပါပေမယ့် ရလာတဲ့ ကြက်အရေခွံကြော်ကို စားကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာမှာ ပညာသားပါပါတယ်။ အိစံက သင်တန်းမှာ ကြက်ဆီထမင်းချက်နည်းသင်ရင် ကြက်အရေခွံကနေကြက်ဆီထုတ်ရတယ်။ အဲ့ကျရင် ကြက်အရေခွံကြွပ်ကြွပ်လေးတွအများကြီးရတာပဲ။ အဲ့တာဆိုရင် ဘယ်လိုကောင်းအောင်လုပ်ပြီးသူများတွေကို ကျွေးလို့ရမလဲ လုပ်ရတာပေ့ါနော်။ သိချင်ရင် ကြည့်ကြည့်နော်။ ပါဝင်သောပစည်းများ ၁။ ကြက်အရေခွံ (chicken skin) - ၆၀ သား ၂။ ဆား (salt) - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ ၃။ သကြား (သို့) အချိုမှုန့် (sugar or MSG) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ ၄။ ကြက်သွန်ဖြူမှုန့် (garlic powder) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ ၅။ ငရုတ်သီးမှုန့် (chili powder) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ ၆။ ငရုတ်ကောင်းမှုန့် (ground pepper) - အနည်းငယ် အချဥ်ရည် ပါဝင်သောပစည်းများ ၁။ သကြား (sugar) - လက်ဖက်ရည်ဇွန်း တဝက် ၂။ ငရုတ်ဆော့ (chili Sauce) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၃။ ရှာလကာရည် (vinegar) - ထမင်းစားဇွန်း ၁ ဇွန်း ၄။ ရေ - ထမင်းစားဇွန်း ၂ ဇွန်း (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml) (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)