Перейти к содержимому

စိတ်ကစဉ့်ကလျားရောဂါ ဆိုတာဘာလဲ | သမိုင်းကြောင်းက ဘယ်လိုရှိလဲ | အပိုင်း - ၁

Mental Health By Dr DeDe

0:00 / 0:00

စိတ်ကစဉ့်ကလျားရောဂါ ဆိုတာဘာလဲ | သမိုင်းကြောင်းက ဘယ်လိုရှိလဲ | အပိုင်း - ၁

119 просмотров · 6 дней назад
Mental Health By Dr DeDe
811 подписчиков
119 просмотров · 6 дней назад
👨‍⚕️ ဟိုတစ်နေ့က အသက် (၁၈) နှစ်အရွယ် ကလေးတစ်ယောက်က သူ့စိတ်ကျန်းမာရေးကို စိုးရိမ်ပြီးတော့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးဖို့ မိဘတွေဆီပြောတော့ သူ့အမေက "နင် Yuu နေတာမှ မဟုတ်တာ၊ Yuu နေမှသာ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြရမှာပေါ့၊ အလကား ဘာမှမဟုတ်တာကို ရေးကြီးခွင်ကျယ် လုပ်နေတယ်" ဆိုပြီး ပြောသတဲ့။ 👨‍⚕️ ကျွန်တော့်ဆီ လာဆွေးနွေးကြတဲ့ မိတ်ဆွေ ၁၀၀ မှာ ၉၀ လောက်ကလည်း ဆရာ ကျွန်တော်/ ကျွန်မ Yuu နေတာတော့ မဟုတ်ပါဘူးနော် ဆိုပြီး အမြဲမေးကြတယ်။ လူ့သမိုင်းမှာ လူတွေအကြောက်ဆုံးက Yuu သွားမှာကိုပါတဲ့။ ရောဂါသက်သက်က ဒီလောက်မဆိုးပါဘူး။ခောတ်အဆက်ဆက် ဒီရောဂါအပေါ် လူတွေရဲ့ အမြင်၊ ဆက်ဆံပုံ၊ ကိုင်တွယ်ပုံ၊ ရှုမြင်ပုံ၊ ကုသပုံတွေက သူတို့ပြောတဲ့ A Yuu ရောဂါထက်တောင် A Yuu ဆန်သေးတယ်။ 👨‍⚕️ လူတွေအကြောက်ဆုံး စိတ်ရောဂါ တစ်ခုဖြစ်တဲ့ Schizophrenia (စိတ်ကစဉ့်ကလျား ရော ဂါ) ရောဂါ သမိုင်းကြောင်း တခုတည်းကိုဘဲ အပိုင်း (၄) ပိုင်းခွဲပြီး ပြည့်ပြည့်စုံစုံ ပြောပြသွားမယ်။ ပြီးမှ ဒီရောဂါက ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ၊ ဘယ်လို ကုသရသလဲဆိုတာကို ဆက်ပြောပြသွားမယ်။ ကျိန်စာရောဂါပါလို့ သတ်မှတ်ခံရပြီးတော့ ဖဲကြဉ်ခဲ့ရာကနေ လူ့ဂုဏ်သိက္ခာရှိရှိ ကုသခွင့် ရတဲ့အထိ ဒီရောဂါရဲ့ သမိုင်းက ဘယ်လိုကြမ်းထော်နေခဲ့သလဲ ကြည့်ရအောင်ပါ။ ✅ Facebook | Facebok Channel | TikTok | YouTube | Telegram တွေမှာ Mental Health By Dr.DeDe ဆိုတဲ့ နာမည်တလုံးတည်းနဲ့ Page တွေ Channel တွေ ဖွင့်ပြီး ၂၀၂၂ ခုနှစ် ကတည်းကနေ ဒီနေ့အထိ မိတ်ဆွေတို့အတွက် စိတ်ကျန်းမာရေး ဗဟုသုတတွေကို (၁) ရက်ခြား (၁) ခါ အမြဲမပြတ် တင်ဆက်ပေးနေပါတယ်။ စိတ်ပညာကို စိတ်ဝင်စားတယ် ဆိုရင် ကျွန်တော့်ရဲ့ Page | Channel တွေကို အမြဲစောင့်ကြည့် လေ့လာလို့ ရပါတယ်ဗျာ။ ⚠️ Disclaimer: This video discusses psychological concepts strictly for educational and mental health awareness purposes only. It is not professional medical advice, diagnosis, or treatment. All photos are 100% AI-generated and do not depict real children. 🩺 ဒေါက်တာဒီဒီ (Mental Health) 🩺