Перейти к содержимому

Khit Thit Evening News | 10 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 10 August 2026

410 999 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
410 999 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေက အမျိုးသမီးအလုပ်သမားအများစု ပါဝင်တဲ့ အမျိုးသမီးစစ်မှုထမ်းသင်တန်း ကို ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ စစ်တပ်က စတင်ဖွင့်လှစ်ခဲ့ တယ်လို့ (MDSI) က သတင်းထုတ်ပြန်လာပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က ထိန်းချုပ်လို့ရတဲ့ နောက်ဆုံးလက်ကျန် ၃ မြို့ထဲက စစ်တွေမြို့နယ်မှာ ရိုဟင်ဂျာတွေကို စစ်တပ်က မတရားဖမ်းဆီးပြီး ငွေညှစ်မှုတွေ ကျူးလွန်နေတဲ့အပြင် စစ်မှုထမ်းအဖြစ်ပါ စုဆောင်းနေတယ်လို့ ရိုဟင်ဂျာလူငယ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ မြန်မာ စစ်ခေါင်း မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်င် ခရီးစဉ်ဟာ မြန်မာ့အရေးကြောင့် လက်ရှိ ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ လက်တွေ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ခရီးစဉ်ထက် မြန်မာစစ်တပ်အတွက် သံတမန်ရေးအရ ပိုမို အကျိုးရှိခဲ့တဲ့ ခရီးစဉ်သာဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းစာဖြစ်တဲ့ Thairath က သုံးသပ်ဖော်ပြလာပါတယ်။ အမေရိကန်နဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေအတွင်း ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် တောင်းဆိုချက်အသစ်ကို အီရန်က ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။