ဒီနေ့ စက်တင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့ အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
0:00 / 0:00
ဒီနေ့ စက်တင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့ အတွက် မိုးလေဝသခန့်မှန်းချက်
30 271 просмотр · 22 часа назад
CJ Platform
135 тыс. подписчиков
30 271 просмотр · 22 часа назад
ဒီနေ့ စက်တင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့ အတွက် မိုးလေဝသခန့်မှန်းချက်
မုန်တိုင်းငယ် အားကောင်းလာနိုင်
CJ Platform
ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်ဘက်ကို ရွေ့လျားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းလာနိုင်ပြီး မနက်ဖြန် စက်တင်ဘာ ၂၁ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်၊ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်ပါတယ်။ မုန်တိုင်းက မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်မှာ မဟုတ်ပေမယ့် မုန်တိုင်းရဲ့ ဆွဲအားကြောင့် တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုမိုအားကောင်းလာနိုင်သလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးလေထန်နိုင်တာကြောင့် အထူးသတိပြုဖို့လိုပါတယ်ရှင်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေတဲ့ အထက်လေရစ်ဝဲဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းဘက်ကို ရွေ့လျားနေပါတယ်။
#CJPlatform #မိုးလေဝသ #မုန်တိုင်းငယ် #ဘင်္ဂလားပင်လယ်အော် #လှိုင်းကြီးလေထန်