Перейти к содержимому

Khit Thit Evening News | January 26, 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | January 26, 2026

690 018 просмотров · 7 месяцев назад
Khit Thit Media
3,28 млн подписчиков
690 018 просмотров · 7 месяцев назад
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်မြို့မှာ ICJ တရားရုံးနဲ့ ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကနေ ICJ မှာ အမှုရင်ဆိုင်နေတဲ့ ကိုကိုလှိုင်နဲ့အဖွဲ့ကို ထောက်ခံပွဲအဖြစ် အကြမ်းဖက် စစ်တပ်က အမည် ပြောင်းလဲ လုပ်ခွင့်ပြုလိုက်ပြီး အဲ့ဒီ့ထောက်ခံပွဲတွေကို စစ်တပ်ဘက်တော်သား ဝင်းကိုကိုလတ်နဲ့သုစိတ္တတို့ကပဲ ဦးဆောင်မှာဖြစ် တယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေရဲ့ ထုတ်ပြန်ချက်နဲ့ အမျိုးသားရေးအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ငြိမ်းချမ်းရေး မရတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေက မူးယစ်ဆေးဝါး နဲ့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဆိုပြီး အကြမ်းဖက် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက အပြစ်တင် ပြောဆိုလာပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း (၂၀၂၁ မှ ၂၀၂၅) ခုနှစ်အတွင်း ၅ နှစ်တာကာလ မှာတင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးပုံ သုံးပုံခန့် ထိုးဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံကျော်သာ ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က ထုတ်ပြန်ထားပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်း နဲ့ ဘရားဇီးသမ္မတနဲ့ တို့အကြား ဖုန်းဆက် ဆွေးနွေးမှုအပြီး အမေရိကန် သမ္မတ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် ကုလသမဂ္ဂအဖွဲ့အသစ် တစ်ခု ဖန်တီးဖို့ ကြိုးစားနေ တယ်လို့ ဘရားဇီးသမ္မတ လူလာက ဝေဖန်ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်တွေကို တင်ဆက်ပေးပါမယ်။