Перейти к содержимому

⭐ ခန့်မှန်းမိုးတွေက မတိတ်ကြတော့ဘူးလား… ခန့်မှန်းနတ်ဆရာတို့ | ကြယ်ရောင်မှတ်စုများ - အပိုင်း (၁၀)

Soccer House Myanmar и The Nandawun Mind

0:00 / 0:00

⭐ ခန့်မှန်းမိုးတွေက မတိတ်ကြတော့ဘူးလား… ခန့်မှန်းနတ်ဆရာတို့ | ကြယ်ရောင်မှတ်စုများ - အပိုင်း (၁၀)

10 333 просмотра · 15 ч назад
Soccer House Myanmar и The Nandawun Mind
10 333 просмотра · 15 ч назад
ဘောလုံးပွဲတစ်ပွဲရဲ့ ရင်ခုန်စရာတွေဟာ ပွဲမစတင်ခင်တည်းက ဆူညံနေတတ်ကြပါတယ်။ ဘယ်အသင်းနိုင်သွားမလဲ၊ ဘယ်နှဂိုးတွေရသွားမလဲ စတဲ့ ပွဲကြိုခန့်မှန်းချက်တွေဟာ တစ်ချိန်က အားကစားဂျာနယ်တွေရဲ့ စာမျက်နှာတွေပေါ်ကနေ ယခု social media ခေတ်ထွန်းကားချိန်အထိ ပရိသတ်တွေရဲ့ ကြားမှာ အတိုင်အတာ တစ်ခုအထိ နေရာယူထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲကြိုခန့်မှန်းချက်တွေ အားလုံးသာ မှန်ကန်နေခဲ့ရင် ဘောလုံးပွဲကြည့်ရတဲ့ ရင်ခုန်စရာရသတွေကရော ရှိနိုင်ပါ့ဦးမလား ? ခန့်မှန်းချက်တွေရဲ့ နောက်ကွယ်မှာ သင်္ချာသဘောတရားတွေ၊ ဖြစ်နိုင်ခြေတွေနဲ့ ကိန်းဂဏန်းတွေရှိနေသလို ဘယ်သူမှ ကြိုတင်မတွက်ဆနိုင်တဲ့ အလွဲအချော်တွေလည်း ရှိနေတတ်ပါတယ်။ အားကစားဂျာနယ်ခေတ်တည်းက စတင်လာခဲ့တဲ့ ပွဲကြိုခန့်မှန်းချက်တွေရဲ့ ရာဇဝင်ကနေ မှန်ခြင်း၊ လွဲခြင်းနဲ့ ဖြစ်တန်ရာတွေရဲ့ သဘောတရားတွေအထိ ဆရာ N ကြယ်မင်းနဲ့ ဆရာ နန္ဒဝန်ငြိမ်းချမ်းတို့နှစ်ယောက်က ဘောလုံးပွဲကြိုတွေရဲ့ အကြောင်းကို ဆွေးနွေးထားတဲ့ ကြယ်ရောင်မှတ်စုများ အပိုင်း (၁၀) မှာ အတူတူ နားဆင်ကြည့်ရှုနိုင်ပါပြီ။ #SoccerHouse #ဘောလုံးအိမ် #WeeklyDialogue #ကြယ်ရောင်မှတ်စုများ #NKyalMin #NandawunNyeinChan 🔔​ Follow Us & Watch More YouTube:    / @soccerhousemm   Facebook:   / soccerhousemyanmar   Instagram:   / soccerhousemm   TikTok:   / soccerhousemyanmar