Перейти к содержимому

ကန်နီပျူရွာ မျှော်စင်ပေါ်က ကင်းစောင့်နေတဲ့ပျူစောထီးကို sniper နဲ့ပစ်ခတ်

Myaelatt Athan

0:00 / 0:00

ကန်နီပျူရွာ မျှော်စင်ပေါ်က ကင်းစောင့်နေတဲ့ပျူစောထီးကို sniper နဲ့ပစ်ခတ်

384 489 просмотров · 1 год назад
Myaelatt Athan
371 тыс. подписчиков
384 489 просмотров · 1 год назад
ကန်နီပျူရွာ မျှော်စင်ပေါ်က ကင်းစောင့်နေတဲ့ပျူစောထီးကို sniper နဲ့ပစ်ခတ် မြိုင်၊ ဇွန် ၁၇၊ ၂၀၂၅။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျုစောထီးအင်အားကောင်းတဲ့ ကန်နီရွာက မျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဇွန် ၁၀ ရက်နေ့မှာ စနိုက်ပါ(Sniper) နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ ခန့်ရှိတဲ့ ကန်နီကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စောင့်ကြည့်ဖို့ ဆောက်လုပ်ထားတဲ့ ဂျိုးသိမ်းမျှော်စင် ခေါ် မြင့်စင် ၁၇ ခုအနက် အမြင့်ဆုံးမျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ ပျူစောထီး ၁ ဦးကို ဇွန် ၁၀ ရက် မနက် ၇ နာရီမှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာ ကဆိုပါတယ်။ အဆိုပါ မီတာ ၄၀ ဝန်းကျင်ခန့်မြင့်တဲ့မျှော်စင်ပေါ်က ပျူစောထီးကို ပစ်ခတ်နိုင်ဖို့အတွက် ၇ ရက်နေ့ကတည်းက စောင့်ကြည့်ခဲ့ကာ ၁၀ ရက်နေ့မှာ ပစ်ချနိုင်ခဲ့ပြီး ဇွန် ၁၃ ရက်မှာ ကန်နီရွာအတွင်းဆေးကုသနေစဉ်သေဆုံးခဲ့တယ် လို့ ကိုဗစ်တာက ပြောပါတယ်။ စနိုက်ပါနဲ့ပစ်ခတ်ပြီးချိန်မှာ ကန်နီရွာထဲကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဇွန် ၁၅ ရက်နေ့မှာ တပ်ဖွဲ့ဝင်တွေပစ်ခတ်ခဲ့တဲ့နေရာကိုအင်အား ၃၀ လောက်နဲ့စစ်ကြောင်းထိုးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ စနိုက်ပါနဲ့ပစ်ခတ်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ မုံရွာခရိုင်တပ်ရင်း(၂၅)တပ်ခွဲ(၂) sniper အဖွဲ့၊ အညာမြေပျောက်ကျားတပ်ဖွဲ့မြို့နယ်(ပကဖ)၊ လျှပ်စီးပျောက်ကြားတပ်ဖွဲ့(မြို့နယ်ပကဖ)မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဟယ်သာ၊ တည်းဖြတ် - HP⁩ #မြေလတ်အသံ #မကွေး #မြိုင် #ပျူစောထီး #Sniper #ပစ်ခတ်