Khit Thit Afternoon News | 9 July 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 9 July 2026
424 306 просмотров · 1 месяц назад
Khit Thit Media
3,27 млн подписчиков
424 306 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဇူလိုင် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းတွေရဲ့ စစ်မှုထမ်း အကျုံး ဝင်စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဆောင်ပါက ရာထူးတိုးရေး အခွင့်အလမ်း ရှိမယ်ဆိုပြီးတော့ပါ စစ်တပ်က မက်လုံးပေးလာပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်တပ်ဘက်က အရာရှိတွေအပါအဝင် စုစုပေါင်း တပ်သား ၁၁၇ ဦးဟာ အာရက္ခတပ်တော် AA အဖွဲ့တွေဆီမှာ လက်နက်ချခဲ့ကြပြီး ၊ ဖောင်းပြင်မြို့နယ်မှာလည်း စစ်တပ်ဘက်က တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၄ ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့၊ လွယ်ယင်း မင်္ဂလာ ကျေးရွာဘက် ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုတွေအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များနေပြီး သူတို့ဆီက လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိ ထားတယ်လို့ ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်နဲ့ အီရန် ကြား ယာယီသဘောတူညီချက် မတည်မငြိမ်ဖြစ်နေပြီး အမေရိကန်က အီရန်ကို နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လိုက်ပါတယ်။ ဒါကိုတော့ ဇူလိုင်လ ၈ ရက်နေ့မှာပဲ အမေရိကန်စစ်တပ်က သူတို့အနေနဲ့ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင် နေပြီဖြစ်တဲ့အကြောင်း အတိအလင်း ထုတ်ပြန်လာတာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေ ကို တင်ဆက်ပေးပါမယ်။