အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)
The Irrawaddy News
0:00 / 0:00
အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)
1 169 777 просмотров · 2 г. назад
The Irrawaddy News
1,65 млн подписчиков
1 169 777 просмотров · 2 г. назад
အာဏာရှင် သွေးပျက်စေတဲ့ ဝန်ကြီးချုပ် နာရေး (ရုပ်/သံ)
ယဉ်မွန်၊ အောက်တိုဘာ ၈၊ ၂၀၂၄
မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယ ဥက္ကဌ (၂) လည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေး ဈာပန အခမ်းအနားကို သောင်းနဲ့ချီတဲ့ မန္တလေးမြို့သူ၊ မြို့သားတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အမရပူရမှာရှိတဲ့ နေအိမ်ကနေ တောင်အင်းမြောက်အင်းသုဿန်ထိ ကား၊ ဆိုင်ကယ်တွေနဲ့ လိုက်ပါ ပို့ဆောင်ကြသလို လမ်းတလျှောက်မှာလည်း တမ်းတနှုတ်ဆက်သူတွေ၊ အလေးပြုသူတွေနဲ့ ဦးချကန်တော့သူတွေ ရှိခဲ့ပါတယ်။
နာရေးပတ်ဝန်းကျင်တလျှောက် ပြည်သူတွေအပြင် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြောက်အမြားက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး လိုက်ပါခဲ့တာကိုလည်း တွေ့ရပြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူက ဦးဆောင်ပြီး လုံခြုံရေး ယူခဲ့တာကို တွေ့ရတယ်လို့လည်း မြို့ခံက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ သွေးကင်ဆာ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး၊ အဲ့ဒီရောဂါနဲ့ပဲ ၂၀၂၄ ခုနှစ် အောက်တိုဘာလ၇ ရက်နေ့၊ မနက် ၃ နာရီအချိန်မှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာဇော်မြင့်မောင် #မန္တလေး #ဈာပန #NLD
--------------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR