Перейти к содержимому

Khit Thit Evening News | 12 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 12 October 2026

354 501 просмотр · 15 ч назад
Khit Thit Media
3,3 млн подписчиков
354 501 просмотр · 15 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ လေတပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ရာထူးကနေ ဖယ်ရှားပြီး စစ်တပ်အရန်အင်အား စာရင်းသွင်းထားတဲ့ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်လိုက်သလို ၊ စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်တွေကို အပြောင်းအရွေ့ အနားပေးမှုတွေ ပြုလုပ်နေပြန်တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်မှူး အောင်မျိုးဇော်၊ ဗိုလ်မှူးမျိုးမင်းအောင်နဲ့ ဗိုလ်ကြီးမင်းသူ အပါအ ဝင် စစ်အရာရှိတွေဟာ လက်ရှိ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ အသီးသီး သေနေကြတဲ့အကြောင်း အဲဒီ စစ်သားမိသားစုဝင်တွေရဲ့ လူမှုကွန်ယက်ပေါ်ထုတ်ပြန်ချက်တွေအပြင် စစ်တပ်သတင်းရင်းမြစ် ရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မမြရေလှောင်တမံ တာဘောင် ထပ်မံပြိုကျပြီး တမံကျိုး ပေါက်နိုင်တဲ့ အန္တရာယ်ကြောင့် ပြည်သူတွေ အရေးပေါ် ထပ်မံရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာပါတယ်။ အီရန်နဲ့ အမေရိကန်အကြား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပေမဲ့ သဘောတူညီချက်ရရှိဖို့ လမ်းကြောင်းက မရှင်းလင်းသေးဘူးလို့ အီရန်လုံခြုံရေးအကြီးအကဲ က ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။