Khit Thit Afternoon News | 12 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 12 October 2026
226 483 просмотра · 9 часов назад
Khit Thit Media
3,3 млн подписчиков
226 483 просмотра · 9 часов назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံက မြန်မာနိုင်ငံအတွင်းကို ဆိုလာပြားနဲ့ ဆိုလာလျှပ်စစ်ထုတ်စက်တွေ တင်သွင်းမှုမှာ အခွင့်ထူးခံရရှိထားပြီး ဆိုလာပစ္စည်းတွေကို စိတ်ကြိုက် တင်သွင်း ခွင့်ရရှိနေချိန်မှာ အထပ်မြင့်အဆောက်အအုံတွေနဲ့ စီးပွားရေးအဆောက်အအုံတွေမှာ ဆိုလာစနစ်တွေ မဖြစ်မနေ ထည့်သွင်းဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ ၁၅၃ ကြိမ်မြောက် အထွေထွေညီလာခံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ပြီး မြန်မာ့အရေးအခြေအနေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေတဲ့ GSCB နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုထက်မြတ်အောင်တို့ကို Forum 2000 နိုင်ငံတကာ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆု ချီးမြှင့်ခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲအဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းမှုတွေ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေချိန်မှာ မဟာဗျူဟာအရ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတစ်ဝိုက်မှာ သင်္ဘောတိုက်ခိုက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။