Khit Thit Afternoon News | 1 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Afternoon News | 1 October 2026
328 199 просмотров · 1 день назад
Khit Thit Media
3,29 млн подписчиков
328 199 просмотров · 1 день назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ လမ်းမှာ တွေ့တဲ့ လူငယ်တွေနဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးပြီး မှတ်ပုံတင်အတု ၊ သန်း ခေါင်စာရင်းအတုတွေနဲ့ စစ်မှုထမ်းအဖြစ် ထည့်သွင်းမှုတွေ ဖြစ်ပွားနေရာမှာ ကျူးလွန်သူတွေထဲ ထွေ/အုပ်၊ လဝက၊ စီမံကိန်း၊ ကျန်းမာရေး ဌာနတွေနဲ့ ရဲတွေပါ ပါဝင်နေတယ်လို့ စစ်တပ်လက်အောက်ခံ လ၀က ဝန်ကြီး မြင့်ကြိုင် ကိုယ်တိုင် ထုတ်ဖော်ပြော ဆိုလာပါတယ်။
NUG အစိုးရက အာရက္ခတပ်တော် (AA) နဲ့ နိုင်ငံရေး စစ်ရေး ပူးပေါင်းပြီး အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအပါအဝင် ပူးပေါင်းပါဝင် ပက်သက်သူတွေကိုပါ အရေးယူဆောက်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ NUG က အသိပေးထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူ အယောက် ၅၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပက်သက်ပြီး မျက်မြင်တွေ့ရှိသူတွေနဲ့ ဖြစ်စဉ်အကြောင်း တိုက်ရိုက်သိရှိသူတွေအနေနဲ့ သတင်းအချက်အလက်တွေ မျှဝေပေးဖို့ ကုလသမဂ္ဂစုံစမ်းရေးယန္တရား-IIMM က တောင်းခံလာပါတယ်။
အီရန်က စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ကို တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တရားဝင်တုံ့ပြန်ချက်ကို လက်ခံရရှိထားပြီလို့ အီရန်အစိုးရကိုယ်တိုင် ပြောလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။