Lemon Chiffon Meringue Cake
taste window
0:00 / 0:00
Lemon Chiffon Meringue Cake
13 402 просмотра · 3 года назад
taste window
117 тыс. подписчиков
13 402 просмотра · 3 года назад
Taste Window ပရိသတ်အားလုံး မင်္ဂလာပါ။ အခုတစ်ပတ်မှာ မုန့်သားနူးညံ့ပြီး မွမွလေးနဲ့ အရသာလည်းရှိ၊ လူကြိုက်လည်းများတဲ့ ချီဖွန်ကိတ်ကို လုပ်ပြပေးမှာ ဖြစ်ပါတယ်။ စားဖိုမှူးကြီး စောဆာမူလား ရဲ့ Lemon Chiffon Meringue Cake ကို တင်ဆက်ပေးလိုက်ပါတယ်။
ချီဖွန်ကိတ်ကို လုပ်တဲ့အခါမှာ လီမွန်အခွံနဲ့ အရည်နည်းနည်းကိုပါ ထည့်လုပ်ထားတဲ့အတွက် ကိတ်လေးက အရမ်းမွှေးပြီး စားတဲ့အခါမှာလည်း မအီစေဘဲ စားကောင်းစေပါတယ်။ အနံ့လေးလည်းမွှေးပြီး၊ ချိုချဉ်အရသာလေးနဲ့ စားလို့ကောင်းတဲ့ Lemon Chiffon Meringue Cake ကို ဘယ်လိုမျိုးလုပ်မလဲဆိုတာကို ဒီဗီဒီယိုထဲမှာ လိုက်ကြည့်လိုက်ကြရအောင်။ မိသားစုတွေလည်း အကြိုက်တွေ့စေမှာမို့ မိမိတို့အိမ်မှာ လိုက်လုပ်စားကြည့်ဖို့ အကြံပေးပါရစေနော်။
Lemon Chiffon Meringue Cake
ဂျုံ - ၁၀၀ဂရမ်၊ ပြောင်းကော်မှုန့် - ၁၀၀ဂရမ်၊ ဘေကင်ပေါင်ဒါ - ၅ဂရမ်၊ ဆီ - ၅ဂရမ်၊ နွားနို့ - ၅၀ဂရမ်၊ လီမွန်အရည် - ၅၀ဂရမ်၊ ဆား - လက်ဖက်ရည်ဇွန်း - ၁ ဇွန်း၊ ကြက်ဥ - ၆လုံး၊ သကြား - ၁၂၀ဂရမ်၊ cream of tartar - ၅ဂရမ်၊ လီမွန်အခွံ - စားပွဲတင်ဇွန်း ၁ဇွန်း တိူ့ လိုအပ်ပါတယ်။