Перейти к содержимому

မုတ်သုံမြောင်းတန်းကြောင့် မြစ်ဝကျွန်းပေါ်မှာ ရေကြီးနစ်မြုပ်မှု ပိုသတိပြုရမယ်

CJ Platform

0:00 / 0:00

မုတ်သုံမြောင်းတန်းကြောင့် မြစ်ဝကျွန်းပေါ်မှာ ရေကြီးနစ်မြုပ်မှု ပိုသတိပြုရမယ်

18 455 просмотров · 1 день назад
CJ Platform
133 тыс. подписчиков
18 455 просмотров · 1 день назад
မနက်ဖြန် စက်တင်ဘာ (၆)ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် မုတ်သုံမြောင်းတန်းကြောင့် မြစ်ဝကျွန်းပေါ်မှာ ရေကြီးနစ်မြုပ်မှု ပိုသတိပြုရမယ် CJ Platform မနက်ဖြန် စက်တင်ဘာလ (၆) ရက်၊ တနင်္ဂနွေနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသနဲ့ ရေဘေး သတိပေးချက်တွေကို ပြောပြသွားပါတော့မယ်။အနောက်တောင် မုတ်သုံလေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း အားအနည်းငယ် ရှိနေတာကို တွေ့ရပေမဲ့ ကပ္ပလီပင်လယ်ပြင်မှာတော့ အားအနည်းငယ်ကနေ အားအသင့်အတင့် ရှိနေတာကို မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ လေထုအခြေပြု မြေပုံအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းကနေ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ကတစ်ဆင့် တရုတ်နိုင်ငံ တောင်ပိုင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်တို့နဲ့ မုတ်သုံမြောင်းတန်း သွယ်တန်းနေပါတယ်။ #CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #ချင်းတွင်းမြစ်ရေ #မုံရွာ