ဆော်ဒီရဲ့ ဆိပ်ကမ်းမြို့ကို ကာကွယ်ဖို့ စစ်တပ်တွေ စေလွှတ်မယ်လို့ ပြင်သစ် သမ္မတပြော | People's Spring
People's Spring
0:00 / 0:00
ဆော်ဒီရဲ့ ဆိပ်ကမ်းမြို့ကို ကာကွယ်ဖို့ စစ်တပ်တွေ စေလွှတ်မယ်လို့ ပြင်သစ် သမ္မတပြော | People's Spring
1 248 просмотров · 4 часа назад
People's Spring
700 тыс. подписчиков
1 248 просмотров · 4 часа назад
ဆော်ဒီရဲ့ ဆိပ်ကမ်းမြို့ကို ကာကွယ်ဖို့ စစ်တပ်တွေ စေလွှတ်မယ်လို့ ပြင်သစ် သမ္မတပြော
စက်တင်ဘာလ - ၂၅ ၊ ၂၀၂၆
ဆော်ဒီအာရေးဘီးယားရဲ့ ပင်လယ်နီ ဆိပ်ကမ်းမြို့ တစ်ခုကို ကာကွယ်ပေးဖို့ စစ်တပ်တွေ စေလွှတ်ပေးသွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။
ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားအဖွဲ့နဲ့ ဆော်ဒီကြား စစ်ရေးပဋိပက္ခ ပြင်းထန်လာချိန်မှာ ယန်ဘူမြို့ကို ကာကွယ်ပေးဖို့အတွက် ပြင်သစ်က စစ်တပ်နဲ့ ကာကွယ်ရေး စနစ်တွေ ဖြန့်ကျက်ပေးမယ့်အကြောင်း မာခရွန်က စက်တင်ဘာ ၂၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
ဆော်ဒီရဲ့ ရေနံတင်ပို့မှုမှာ အရေးပါတဲ့ ယန်ဘူမြို့ကို ဟိုသီတွေက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့နောက် နိုင်ငံတကာ ရေနံစျေးတွေကလည်း မြင့်တက်လာနေပါတယ်။ အဲဒီ အခြေအနေကို တန်ပြန်ဖို့အတွက် ပြင်သစ်က ဆော်ဒီရဲ့ ကာကွယ်ရေးအတွက် အားဖြည့်ပေးမယ့် တပ်တွေ စေလွှတ်မှာ ဖြစ်တယ်လို့ TF1၊ France 2 TVတို့နဲ့ အင်တာဗျူးမှာ မာခရွန်က ရှင်းပြခဲ့ပါတယ်။
စစ်ရေး အရင်းအမြစ်တွေ၊ စစ်သားတွေ၊ ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ယန်ဘူမြို့ဆီ စေလွှတ်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ပြင်သစ်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခတွေမှာမှ ပါဝင်မှာ မဟုတ်ကြောင်း၊ ယန်ဘူမှာ ရှိနေမယ့် တပ်တွေဟာ ဆိပ်ကမ်းကို ကာကွယ်ဖို့ တစ်ခုတည်းအတွက် ဖြန့်ကျက်ခြင်းဖြစ်ကြောင်း သူက ပြောပါတယ်။
ပြည်တွင်းမှာ ဒီဇယ်စျေးတွေ မြင့်တက်လာတာကြောင့် အမေရိကန်က ဒီဇယ်တင်ပို့မှုကို ပိတ်ပင်နိုင်ခြေရှိကြောင်း ကောလာဟလတွေနဲ့ ပတ်သက်ပြီးလည်း မာခရွန်က အဲဒီလိုသာ တကယ်ဖြစ်လာရင် တစ်ကမ္ဘာလုံး အတွက်ရော၊ အမေရိကန်ရဲ့ စီးပွားရေးအတွက်ပါ အရမ်းကြမ်းတမ်းတဲ့ ဆိုးကျိုးတွေ သက်ရောက် ကြုံတွေ့စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ အမေရိကန်ဟာ ဒီဇယ်ဆီ တင်ပို့မှု ပိတ်ပင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။
စစ်ရေး ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး စွမ်းအင် အကျပ်အတည်းတွေ ပိုဆိုးလာတာ၊ လောင်စာဆီ စျေးတွေ မြင့်တက်လာတွေ ကြုံနေပေမယ့် မာခရွန်ကတော့ ပြင်သစ်နိုင်ငံဟာ လာမယ့် ဆောင်းရာသီကို ဖြတ်သန်းဖို့ ဓာတ်ငွေ့နဲ့ လောင်စာဆီ ဖူဖူလုံလုံ သိုလှောင်ထားကြောင်း မှတ်ချက်ပေးသွားပါတယ်။ ဒါ့အပြင် စွမ်းအင်တင်သွင်းမှု လမ်းကြောင်းတွေ ထိခိုက်ပျက်စီး မသွားစေဖို့လည်း ပြင်သစ် အစိုးရက တက်တက်ကြွကြွ အားထုတ် လုပ်ဆောင်နေကြောင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မာခရွန်ဟာ ပြင်သစ် နိုင်ငံရေး ပါတီ အကြီးအကဲတွေကို ဖိတ်ကြားတွေ့ဆုံပြီး ရုရှားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ကြီးထွားလာတာနဲ့ ပတ်သက်လို့ ဆွေးနွေး တင်ပြခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ဒရုန်းနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ကာကွယ် တားဆီးနိုင်မယ့် အစီအမံတစ်ခု ရေးဆွဲ အကောင်အထည် ဖော်ဖို့လည်း မာခရွန်က အစိုးရကို ညွှန်ကြားထားကြောင်း သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဆော်ဒီဆိပ်ကမ်းကာကွယ်ရေး #ပြင်သစ်တပ်ဖွဲ့များစေလွှတ်မည် #ပြင်သစ်ဆော်ဒီဆက်ဆံရေး #နိုင်ငံတကာစစ်ရေးသတင်း #FrenchTroopsSaudiPort #MacronSaudiArabia #MiddleEastSecurity #DefenseNews #WorldNews