Khit Thit Evening News | 6 August 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 6 August 2026
412 470 просмотров · 1 месяц назад
Khit Thit Media
3,28 млн подписчиков
412 470 просмотров · 1 месяц назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပြည်တွင်းမှာ နိုင်ငံခြားသွားပြီးအလုပ်လုပ်မယ့် အလုပ်သမားစေလွှတ်မှုတွေကို ပိုမို ထိန်းချုပ်ဖို့ နဲ့ ပြည်ပရောက် မြန်မာတွေဆီက ဝင်ငွေခွန်နဲ့ မိသားစုတွေဆီ လွှဲပြောင်းငွေတွေ မဖြစ်မနေ ရရှိဖို့ အဖွဲ့ဝင် ၂၀ ဦးပါ ကော်မတီကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြန်တယ်လို့ သိရပါတယ်။
အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံ လာရောက်တဲ့ ခရီးစဉ်ကို ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ခုက ကန့်ကွက်လိုက်ပြီး မြန်မာစစ်တပ်အုပ်စုကို အကျိုးဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ဖို့ကိုပါ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။
မန္တလေးတိုင်း ၊ မဟာအောင်မြေခရိုင်တရားသူကြီး ဒေါ်အေးမွန်စန်းက မူးယစ်ဆေးဝါးအမှုအတွက် ငွေကျပ် သိန်း ၁ သောင်းကျော် လာဘ်ငွေယူပြီး တရားခံ ၂ ဦးကို အာမခံပေးမှု ပေါ်ပေါက်သွားတဲ့အတွက် စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး ငြင်းဆိုနေတယ်လို့ တရားရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ထပ်မံပြောဆိုလာပါတယ်။
အမေရိကန်က ရုရှားယူကိရိန်း စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံဘက်က Patriot ဒုံးကျည်ထုတ် လုပ်ခွင့်ရရေး အတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။