Перейти к содержимому

မိုဒီရဲ့ထိုင်ခုံကိုတုန်လှုပ်စေခဲ့တဲ့ပိုးဟပ်ပါတီခေါင်းဆောင်အပါအဝင် လူ ၁,၀၀၀ ကျော်ဖမ်းခံရ

People's Spring

0:00 / 0:00

မိုဒီရဲ့ထိုင်ခုံကိုတုန်လှုပ်စေခဲ့တဲ့ပိုးဟပ်ပါတီခေါင်းဆောင်အပါအဝင် လူ ၁,၀၀၀ ကျော်ဖမ်းခံရ

12 302 просмотра · 11 ч назад
People's Spring
704 тыс. подписчиков
12 302 просмотра · 11 ч назад
မိုဒီရဲ့ထိုင်ခုံကိုတုန်လှုပ်စေခဲ့တဲ့ပိုးဟပ်ပါတီခေါင်းဆောင်အပါအဝင် လူ ၁,၀၀၀ ကျော်ဖမ်းခံရ အောက်တိုဘာလ- ၁၁ ၊၂၀၂၆ ။People’s Spring လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ ပိုးဟပ်ပြည်သူ့ပါတီ (CJP)လို့ နာမည်ပေးထားတဲ့ နိုင်ငံရေး လှုပ်ရှားမှု အင်အားစုနဲ့ တခြား လူငယ်အစုအဖွဲ့တွေက အောက်တိုဘာ ၁၀ ရက်နေ့တုန်းက နယူးဒေလီ မြို့တော်မှာ စုဝေးပြီး အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဂျန်နက်ရှ် ကူးမားကို ဆန္ဒပြဖို့ လှုံဆော်ထားကြပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေ မတိုင်ခင်မှာ အိန္ဒိယ အာဏာပိုင်တွေက အခုလိုမျိုး လူပေါင်း ထောင်နဲ့ချီပြီး လိုက်လံရှာဖွေ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ အထူးအလေးထား ပြန်လည်သုံးသပ်မှု (SIR)ဆိုတဲ့ အစီအမံ အောက်ကနေ မဲပေးပိုင်ခွင့်ရှိသူ သန်းပေါင်း ၁၃၀ လောက်ကို မဲစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ဟာ အာဏာရ ဘာရတ်တီရာ ဂျန်နက်တာ ပါတီ (BJP)ကို ရွေးကောက်ပွဲမှာ အသာစီးရအောင် အကူအညီ ဖြစ်စေခဲ့တယ်လို့ အတိုက်အခံ အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေက ကူးမားကို ရာထူးကနေ တာဝန်ယူ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ဒေလီမြို့တော်မှာရှိတဲ့ ဆန္ဒပြသူတွေ စုဝေးလေ့ရှိရာ ဂျန်တာ မန်တာ ဧရိယာမှာ လူပေါင်း ထောင်သောင်းချီ လူစုကြဖို့ ဆော်ဩ လှုံ့ဆော်ထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို မနက်အစောပိုင်းမှာ ကတည်းက ရဲတွေက ပိတ်ဆို့ထားလိုက်ပါတယ်။ ဒေလီမြို့ထဲမှာလည်း ရဲနဲ့ပြည်သူ့စစ် အင်အား ထောင်နဲ့ချီ ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။ တခြားဒေသတွေကနေ ဒေလီဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရထား ခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး မက်ထရို ဘူတာရုံတွေ၊ စျေးတွေလည်း ပိတ်ထားပါတယ်။ ဒါ့အပြင် မိုဘိုင်းအင်တာနက် ကွန်ရက်တွေကိုပါ ဖြတ်တောက်ထားလိုက်ပါတယ်။ အဲဒီအခြေအနေဟာ ဒေလီကို အလုံးစုံ အလုံပိတ်ထားသလို ဖြစ်သွားစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါ့အပြင် ရဲတွေဟာ CJPကို ထူထောင်သူ အဘီဂျိ ဒစ်ပ်ကီကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ သူ့ရဲ့ အဓိက လက်ရုံးတွေလို့ ဆိုနိုင်တဲ့ ဆူယာရက်ဗ် ဒါးစ်နဲ့ အရှူတော့ရှ် ရန်ကာတို့လည်း အဖမ်းခံရပါတယ်။ သူတို့ဟာ မွမ်ဘိုင်းမြို့ကနေ ဒေလီဆီ ရောက်ရှိလာတဲ့ လေယာဉ်ပေါ်မှာပဲ အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒစ်ပ်ကီက Instagramမှာ ဗီဒီယိုတစ်ခု တင်ထားရာမှာတော့ Air India လေကြောင်းလိုင်း လေယာဉ်က လေဆိပ်မှာ ဆိုက်ကပ်ပြီးတဲ့နောက် ရဲတွေ တက်လာတာကို တွေ့ရပါတယ်။ သူက အဖမ်းခံရတော့မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရဲတွေကို သူလုံးဝ မကြောက်ကြောင်း ဒစ်ပ်ကီက ပြောကြားထားပါတယ်။ ဒေလီမြို့တော် ရဲတပ်ဖွဲ့ဟာ CJPရဲ့ တခြားထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ အခုလိုမျိုး ဖြိုခွင်းမှုတွေ ရှိခဲ့တာကြောင့် ဒေလီမှာ လူစုလူဝေးနဲ့ ဆန္ဒပြမှုကြီး ဖြစ်မလာပေမယ့် မြို့ရဲ့ အစိတ်အပိုင်း တချို့မှာ ပိုမိုသေးငယ်တဲ့ ဆန္ဒပြ ချီတက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူသိများတဲ့ လက်မှုထုတ်ကုန်စျေး ဒီလီဟတ်မှာလည်း ချီတက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ===== ဆော်ဒီမြို့တော်လေဆိပ်ကိုဟိုသီတွေဒုံကျည်တွေနဲ့ တိုက်ခိုက်ရာမှာ လူ ၁၂ ဦးသေဆုံး အောက်တိုဘာလ- ၁၁ ၊၂၀၂၆ ။People’s Spring လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့ လေဆိပ် တိုက်ခိုက်မှုဟာ ဟိုသီ ပြောက်ကျားတွေရဲ့ စစ်ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ဆော်ဒီရဲ့ ရီယတ်ဒ် မြို့တော်မှာရှိတဲ့ ဘုရင်ခါလစ်ဒ် နိုင်ငံတကာ လေဆိပ်ကို ယီမင်အခြေစိုက် ဟိုသီတွေက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးသေပြီး ၃၀၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီက ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ဆော်ဒီ ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်က ၂ ဦး၊ အမေရိကန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ဆူဒန်နဲ့ အီဂျစ်နိုင်ငံသား ၁ ဦးစီ ပါဝင်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ လေဆိပ်ရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ယာယီ ရပ်နားထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆော်ဒီနဲ့ ဟိုသီတွေကြားက စစ်ရေး ပဋိပက္ခတွေဟာ ပိုမို အရှိန်မြင့်တက်လာပါတယ်။ ယီမင်မှာ ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရ တပ်တွေက ဟိုသီတွေအပေါ် အကြီးအကျယ် ထိုးစစ်ဆင်နေပြီး တစ်ဖက်မှာလည်း ဟိုသီတွေက ဆော်ဒီပိုင်နက်ထဲ တာဝေးတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်စစ်တပ်ကို အကူအညီ ပေးနေပြီး ဆော်ဒီက ဦးဆောင်နေတဲ့ အာရပ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တာကီအယ်လ် မာလီကီက ဘုရင်ခါလစ်ဒ် လေဆိပ်ရဲ့ ခရီးတွေ ဝင်ထွက်ရာ terminal တစ်ခု တိုက်ခိုက်ခံရလို့ ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေ ထိခိုက်သေဆုံးခဲ့ကြတာလို့ ပြောပါတယ်။ ဒီလုပ်ရပ်ဟာ အပြည့်အဝ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုကလည်း ဆော်ဒီပိုင်နက်ထဲမှာ ဟိုသီတွေရဲ့ လတ်တလော တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး သေဆုံးသူတွေထဲမှာ အမေရိကန် နိုင်ငံသား ၁ ဦး ပါဝင်ခဲ့ကြောင်း အတည်ပြုသွားပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အိန္ဒိယဆန္ဒပြပွဲ #ပိုးဟပ်ပြည်သူ့ပါတီ #မိုဒီအစိုးရ #နယူးဒေလီသတင်း #ရွေးကောက်ပွဲကော်မရှင် #IndiaProtests #CockroachJanataParty #DelhiLockdown #ModiGovernment #ElectionCommissionOfIndia #ဆော်ဒီလေဆိပ်တိုက်ခိုက်ခံရမှု #ဟိုသီသူပုန်များ #ရီယတ်ဒ်သတင်း #ယီမင်ပဋိပက္ခ #အရှေ့အလယ်ပိုင်းတင်းမာမှု #RiyadhAirportAttack #HouthiAttack #SaudiArabia #MiddleEastConflict #KingKhalidAirport