ပြင်သစ် လမ်းမတွေပေါ် ရောက်လာတဲ့ စာသင်ခန်းထဲက မကျေနပ်ချက်များ | People's Spring
People's Spring
0:00 / 0:00
ပြင်သစ် လမ်းမတွေပေါ် ရောက်လာတဲ့ စာသင်ခန်းထဲက မကျေနပ်ချက်များ | People's Spring
15 313 просмотров · 1 дн. назад
People's Spring
704 тыс. подписчиков
15 313 просмотров · 1 дн. назад
ပြင်သစ် လမ်းမတွေပေါ် ရောက်လာတဲ့ စာသင်ခန်းထဲက မကျေနပ်ချက်များ
စက်တင်ဘာလ နှောင်းပိုင်းလောက်က စတင်လာပြီး အထက်တန်း ကျောင်းသား အများစု ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေက ပြင်သစ်နိုင်ငံ သမိုင်းမှာ အလှုပ်ခတ်ဆုံး လူထုလှုပ်ရှားမှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ပြင်သစ်မှာ လီဆေးလို့ခေါ်တဲ့ အထက်တန်းကျောင်းတွေ ရာနဲ့ချီ ပိတ်ထားရသလို တချို့ ဆန္ဒပြ လှုပ်ရှားမှုတွေကလည်း အဓိကရုဏ်းအသွင်ကို ကူးပြောင်းလာပြီး ပြဿနာတွေက ပိုရှုပ်ထွေးလာပါတယ်။ အစိုးရ အနေနဲ့ တချို့အခြေအနေတွေမှာ အင်အားသုံး တုံ့ပြန်တဲ့ နည်းလမ်းကို အသုံးပြုနေပေမယ့် ဆန္ဒပြသူ အများစုက အသက်မပြည့်သေးတဲ့ လူငယ်လေးတွေ ဖြစ်နေတဲ့အခါ လူ့အခွင့်အရေး ရှုထောင့်က ဝေဖန်စရာတွေ ဖြစ်လာပြန်ပါတယ်။ သမ္မတ အီမန်နူရယ်လ် မာခရွန်ရဲ့ အစိုးရ အတွက်တော့ ဒါဟာ ကြုံဖူးသမျှ အကြီးမားဆုံး နိုင်ငံရေး စိန်ခေါ်မှုတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့တုန်းက ပါရီမြို့တော်က လီဆေးကျောင်း တချို့ဟာ ကျောင်းအဆောက်အအုံတွေ ယိုယွင်းမှု၊ သင်ကြားရေး ဝန်ထမ်း မလုံလောက်မှု၊ အိမ်သာတွေနဲ့ တခြားအရေးကြီးတဲ့ အခြေခံ လိုအပ်ချက်တွေ ပြုပြင်တာ အားနည်းမှု၊ စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသား အရေအတွက် ရှိသင့်တာထက် အများကြီး ပိုနေမှုတွေကို မကျေနပ်လို့ စတင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ အံ့ဩစရာ ကောင်းလောက်အောင် ကျယ်ပြန့် ကြီးထွားလာပြီး ပြင်သစ်ရဲ့ မြို့ကြီးအနှံ့ကို ကူးစက်သွားပါတယ်။ ကျောင်းသား အများစုက ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ပြီး လိုလားမှုတွေကို ဆန္ဒဖော်ထုတ်ကြပေမယ့် တချို့နေရာတွေမှာတော့ လမ်းတွေကို ပိတ်တာ၊ စာသင်ကျောင်းတွေကို မီးရှို့တာ၊ သင်ကြားရေး ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုး စည်းလွတ်ဘောင်လွတ် အခြေအနေ တချို့လည်း ရှိလာပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ၊ ရာဘာကျည်တွေကို အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားတဲ့အခါ နှစ်ဖက်ကြား အဓိကရုဏ်းတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့သလို ကျောင်းသား အများစု အပါအဝင် လူပေါင်း ထောင်နဲ့ချီပြီး ဖမ်းဆီးခံရတာတွေလည်း ကြုံလာပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ တစ်နေ့တည်းမှာတင် ပြင်သစ် တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြသူ ၂၆၆၀၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို စည်းရုံး စီစဉ်သူတွေကတော့ အဲဒီနေ့မှာ တကယ်တမ်း ချီတက်ခဲ့တဲ့ ဦးရေဟာ ၄၅၀၀၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ထိ အခြေအနေတွေအရ ဆန္ဒပြပွဲတွေက ဆက်လက် အားကောင်းနေဆဲ ဖြစ်သလို တစ်နိုင်ငံလုံးမှာ လီဆေး ကျောင်းပေါင်း ၃၇၀၀ လောက် ရှိတဲ့ထဲက ၄၀၀ နီးပါးလောက်ဟာ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိတ်ထားရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ပြင်သစ်ကျောင်းသားဆန္ဒပြပွဲ #ပြင်သစ်ပညာရေး #နိုင်ငံတကာသတင်း #လူထုလှုပ်ရှားမှု #လီဆေးကျောင်းသားများ #FranceStudentProtest #FrenchHighSchoolProtests #LycéeProtest #FranceNews #EducationCrisisFrance