Перейти к содержимому

မြန်မာ​အလုပ်သမား​တွေမရှိရင် ထိုင်းစီးပွား​ရေးထိခိုက်နိုင်တယ်လို့ Bright Future အဖွဲ့ခေါင်းဆောင်က ဆို

MNO NEWS

0:00 / 0:00

မြန်မာ​အလုပ်သမား​တွေမရှိရင် ထိုင်းစီးပွား​ရေးထိခိုက်နိုင်တယ်လို့ Bright Future အဖွဲ့ခေါင်းဆောင်က ဆို

358 просмотров · 18 ч назад
MNO NEWS
148 тыс. подписчиков
358 просмотров · 18 ч назад
6 NOVEMBER 2026 ထိုင်းမှာရှိတဲ့ မြန်မာ​​ရွေ့​​ပြောင်းအလုပ်သမား​တွေ ​နေရပ်ပြန်သွားရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေး​မှာ ထိခိုက်မှုဖြစ်လာနိုင်တယ်လို့ Bright Future အဖွဲ့ ခေါင်းဆောင် Weera Saengthong က သတိ​ပေး​ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံရဲ့ စက်မှုလုပ်ငန်း၊​ရေထွက်လုပ်ငန်းနဲ့ လက်လီရောင်းဝယ်ရေးလုပ်ငန်း​တွေမှာ မြန်မာ​ရွေ့​ပြောင်းအလုပ်သမား​တွေနဲ့ လည်ပတ်​နေရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ​ကြောင့် မြန်မာ​ရွေ့​ပြောင်းအလုပ်သမားတွေကို လူ့အခွင့်အရေးနဲ့အညီ ဆက်ဆံဖို့၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ ပညာရေးအခွင့်အရေးတွေ ပိုမိုရရှိစေဖို့ ထိုင်းအလုပ်ရှင်တွေကို သူက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သူက မြန်မာအလုပ်သမား​တွေအတွက် အ​ထောက်အထားစာရွက်စာတမ်း ဖြစ်တဲ့ CI စာအုပ်လုပ်ငန်းစဥ်​တွေ ဖျက်သိမ်း​ပေးဖို့နဲ့ ထိုင်းအစိုးရရဲ့ အလုပ်သမားမှတ်ပုံတင်စနစ်ကိုသာ တရားဝင်အသုံးပြုခွင့်​ပေးဖို့ တောင်းဆိုထားပါတယ်။ နိုဝင်ဘာ ၁ ရက်​နေ့မှာ အဲ့ဒီအဖွဲ့က မြန်မာအလုပ်သမားများအတွက် CI စာအုပ်လုပ်တဲ့ စင်တာများဖျက်သိမ်းပြီး ပန်း​ရောင်ကဒ်တစ်မျိူးတည်းနဲ့သာ အလုပ်လုပ်ခွင့်​ပေးဖို့ UN ရုံး​ရှေ့မှာ ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပြ​နေချိန် ထိုင်း အမျိူးသား​ရေးတက်ကြွလှုပ်ရှားသူ​တချိူ့​​က သူ့ကို ကိုဝိုင်းရိုက်ခဲ့ကြတာပါ။ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့မှာ မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့ ဆန္ဒပြတာကို ထိုင်းမျိုးချစ်အဖွဲ့ဝင်အချို့က ကိုယ်ထိလက်ရောက်လာရောက် တိုက်ခိုက်ခဲ့တာဟာအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများအောက်ရှိ စုဝေးခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကပြောကြားလိုက်ပါတယ်။ Bright Future အဖွဲ့ ခေါင်းဆောင် နဲ့ အခြားသုံးဦးတို့ဟာ သူတို့ကို တိုက်ခိုက်ခဲ့သူများကို အကြမ်းဖက်မှုစွပ်စွဲချက်ဖြင့် အရေးယူပေးဖို့ နိုဝင်ဘာ ၂ရက်​နေ့ မနက်ပိုင်းတုန်းကလည်း ဘန်ကောက်မြို့ ၊ နန်းလောင်း(Nang Loeng)ရဲစခန်းမှာ တိုင်ကြားခဲ့ပါသေးတယ်။ ရုပ်ပုံ- Weera Saengthong MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။ အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။ Website- www.mnonews.com Facebook MNO NEWS-   / 1amgqiqdtk   Facebook MNO Streaming -   / 1cwuta4zvw   Youtube-https://youtube.com/@mno-news?si=RtZj...