FPV ဒရုန်း တိုက်အားနဲ့ မရှုမလှအထိနာသွားတဲ့ အကြမ်းဖက်စစ်သင်္ဘောအုပ်စု
PVTV Myanmar
0:00 / 0:00
FPV ဒရုန်း တိုက်အားနဲ့ မရှုမလှအထိနာသွားတဲ့ အကြမ်းဖက်စစ်သင်္ဘောအုပ်စု
39 570 просмотров · 18 часов назад
PVTV Myanmar
800 тыс. подписчиков
39 570 просмотров · 18 часов назад
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ဘာ့ကြောင့် အထိနာခဲ့သလဲ ဆိုတာကို အခုလို သုံးသပ်ပါတယ်။
“ဒါဟာ စစ်တပ်ရဲ့ ရေကြောင်းကနေအုပ်ချုပ်ထောက်လှမ်းမှုတွေလုပ်လာတဲ့ စစ်ဆင်ရေးတခုလုံးကို ရိုက်ချိုးနိုင်ခဲ့တဲ့အနေအထားပါ။ ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မယ့်နေရာရွေးချယ်တာ၊ လက်နက်နဲ့ စစ်နည်းဗျူဟာတွေက ပြည့်စုံကောင်းမွန်ပြီး စနစ်တကျတာကြောင့် အခုလိုမျိုး စစ်အုပ်စုအထိနာတာဖြစ်တယ်”
ဒီလို မြစ်ကြောင်းကို အသုံးပြုပြီး တပ်အင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်တာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ရှေ့တန်းစစ်ဆင်ရေးတွေအတွက် အရေးပါတဲ့ ထောက်ပံ့ရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ရေကြောင်းထောက်ပို့စစ်သင်္ဘောအုပ်စုကို ထိခိုက်ဆုံးရှုံးစေခဲ့တယ်ဆိုတဲ့ အခုဖြစ်စဉ်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းထောက်ပံ့ရေးလမ်းကြောင်းအပေါ် ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။