Перейти к содержимому

ဒီနေ့ စက်တင်ဘာ ၁၉ ရက် စနေနေ့ အတွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

0:00 / 0:00

ဒီနေ့ စက်တင်ဘာ ၁၉ ရက် စနေနေ့ အတွက် မိုးလေဝသခန့်မှန်းချက်

12 807 просмотров · 11 ч назад
CJ Platform
134 тыс. подписчиков
12 807 просмотров · 11 ч назад
ဒီနေ့ စက်တင်ဘာ ၁၉ ရက် စနေနေ့ အတွက် မိုးလေဝသခန့်မှန်းချက် လေဖိအားနည်းရပ်ဝန်း အားကောင်းလာနိုင်တာကြောင့် ရေကြီး၊ တောင်ကျရေနဲ့ မြေပြိုမှု သတိပြုရန်လို CJ Platform ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးသွားပါမယ်။ဒီနေ့ကစပြီး လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးပိုမိုအားကောင်းလာနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံတာ၊ မြို့ပြရေကြီးတာ၊ တောင်ကျရေ ရုတ်တရက်လျှံတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် အထူးသတိပြုဖို့ လိုပါတယ်ရှင်။ ကပ္ပလီပင်လယ်နဲ့ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာလည်း လှိုင်းကြီးလေထန်နိုင်တာကြောင့် ရေကြောင်းသွားလာသူတွေအနေနဲ့ သတိပြုဖို့ လိုပါတယ်။ အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ မနေ့ညနေပိုင်းမှာပဲ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းကို ဝင်ရောက်သွားပြီဖြစ်ပြီး မနက်ဖြန်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပါတယ်။ #CJPlatform #မိုးလေဝသ #လေဖိအားနည်းရပ်ဝန်း #မိုးကြီးရေလျှံ #ပင်လယ်ပြင်အခြေအနေ