Перейти к содержимому

ယူကရိန်းမှာစတားလင့်ခ်အင်တာနက်အမြန်နှုန်းကျသွားတာဘာကြောင့်လဲ | People's Spring

People's Spring

0:00 / 0:00

ယူကရိန်းမှာစတားလင့်ခ်အင်တာနက်အမြန်နှုန်းကျသွားတာဘာကြောင့်လဲ | People's Spring

4 803 просмотра · 9 ч назад
People's Spring
705 тыс. подписчиков
4 803 просмотра · 9 ч назад
ယူကရိန်းမှာစတားလင့်ခ်အင်တာနက်အမြန်နှုန်းကျသွားတာဘာကြောင့်လဲ အောက်တိုဘာလ- ၁၅ ၊၂၀၂၆ ။People’s Spring ယူကရိန်းရဲ့ ခဲယမ်းလက်နက်တွေ ပျံသန်းမှု မြန်နှုန်း၊ Starlink အင်တာနက် ကွန်ရက် ချိတ်ဆက်မှု မြန်နှုန်းတွေ ကန့်သတ် ခံထားရတာဟာ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ Starlinkရဲ့ မိခင်ကုမ္ပဏီ SpaceX အကြီးအကဲ အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းက ရုရှားမှာရှိတဲ့ ပစ်မှတ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ ယူကရိန်း ဝေဟင်ပိုင်နက်ကို ကာကွယ်တာတွေမှာ Starlinkဟာ မရှိမဖြစ် အရေးအပါဆုံး နည်းပညာ ထောက်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတုန်းက မျှော်လင့်မထားတဲ့ မြန်နှုန်း ကန့်သတ်ချက်တွေ စတင်ကြုံတွေ့လာလို့ စစ်ဆင်ရေးဆိုင်ရာ အနှောင့်အယှက်တွေ ကြုံလာကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်က ယူကရိန်းနဲ့ အမေရိကန် အစိုးရတွေကြားမှာ သဘောထား ကွဲလွဲမှု အခြေအနေတချို့ ဖြစ်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာ ဒီအခြေအနေ ကြုံလာတာဖြစ်လို့ တိုက်ဆိုင်မှု တစ်ခုအနေနဲ့ ယူဆဖို့ ခက်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားဆီကနေ ဒီဇယ်တွေ ဝယ်ယူဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သဘောတူညီမှု ရယူခဲ့တဲ့အပေါ် ဇီလန်စကီးက ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ထရမ့်က ဇီလန်စကီးဟာ သဘောတူညီမှု ရနိုင်ခြေ တော်တော်များများကို ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲပြီး ယူကရိန်းဟာ ခေါင်းဆောင်သစ်တစ်ဦး ပိုင်ဆိုင်နေသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ရက်ပိုင်းအကြာမှာတော့ ယူကရိန်းကို ထောက်ပံ့ထားတဲ့ Starlink အင်တာနက် မြန်နှုန်းတွေ လျှော့ချခံလိုက်ရတာ ဖြစ်ပါတယ်။ မတ်စ်ခ်က Starlinkနဲ့ တွဲဖက်ထားတဲ့ စစ်သုံးအဆင့် Starshield ဝန်ဆောင်မှုကို အမေရိကန် အစိုးရက ထိန်းချုပ်ထားပြီး ထောက်ပံ့မယ့် မြန်နှုန်း၊ အသုံးပြုနိုင်စွမ်း ကန့်သတ်ချက် အားလုံးကိုလည်း အမေရိကန် စစ်တပ်နဲ့ အစိုးရက ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Starlinkရဲ့ အင်တာနက် မြန်နှုန်းကို ပြန်တိုးမြှင့်ပေးဖို့ ယူကရိန်း အာဏာပိုင်တွေက SpaceXကို တောင်းဆိုမှုတွေ ရှိလာတဲ့နောက် မတ်စ်ခ်က လူမှုကွန်ရက် မီဒီယာ Xမှာ အခုလို ရေးသား တုံ့ပြန်ခဲ့တာပါ။ ဇီလန်စကီးက အင်တာနက် မြန်နှုန်းတွေ လျော့ကျသွားတာဟာ နည်းပညာပိုင်း ပြဿနာ အပါအဝင် အမှားတစ်ခုခုကြောင့် ဖြစ်ဖို့၊ မကြာခင် ပုံမှန် ပြန်ဖြစ်သွားဖို့ မျှော်လင့်ကြောင်း၊ မြန်နှုန်း ပြန်ကောင်းလာဖို့လည်း သူတောင်းဆိုကြောင်း၊ ဒါပေမဲ့ အကြောင်းရင်းက ဘာလဲဆိုတာကိုတော့ မသိကြောင်း ပြောကြားခဲ့ပါတယ်။ Starlinkရဲ့ မြန်နှုန်း လျှော့ချလိုက်မှုကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ ယူကရိန်း အသုံးပြုနေတဲ့ မြန်နှုန်းမြင့် ပျံသန်းတဲ့ စစ်လက်နက်တွေဆီ အဆက်အသွယ်တွေ ပြတ်တောက်ကုန်ပါတယ်။ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းမှာတော့ ကွန်ရက်တွေရဲ့ မြန်နှုန်းက နည်းနည်းပြန်ပြီး အဆင်ပြေလာတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဟောင်း မီခိုင်လို ဖီဒိုရော့ဗ်က ပြောကြားထားပါတယ်။ မြန်နှုန်း ကန့်သတ်ချက်ကို ဖယ်ရှားပေးဖို့က ယူကရိန်းရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် အရမ်းအရေးကြီးကြောင်း သူက Xမှာ ရေးသားခဲ့ပြီး မတ်စ်ခ်ရဲ့ အကူအညီ ပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ နောက်တစ်နာရီလောက် အကြာမှာ မတ်စ်ခ်က Starshield စနစ်ကနေတဆင့် အဲဒီ မြန်နှုန်း ထိန်းချုပ်မှုတွေကို အမေရိကန် အစိုးရနဲ့ စစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်တဲ့အကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းမှာ Starlink အင်တာနက် မြန်နှုန်းတွေ ကျဆင်းသွားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ သီးခြားမှတ်ချက် မပေးသေးပါဘူး။ Starlinkရော၊ Starshieldကိုပါ SpaceXက ပိုင်ဆိုင်ပြီး Starlinkက အရပ်ဖက် အသုံးပြုဖို့ အဓိက တည်ဆောက်ထားတာပါ။ Starshieldကိုတော့ အစိုးရနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ===== ထိုင်းတောင်ပိုင်းဒေသတွေမှာ မိုးသည်းပြီးရေကြီးမှု ကြုံနိုင် အောက်တိုဘာလ- ၁၅ ၊၂၀၂၆ ။People’s Spring ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ လကုန်ပိုင်းကျရင် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ကြုံနိုင်ခြေ ရှိနေကြောင်း မိုးလေဝသ ဌာနက သတိပေးထားပါတယ်။ ထိုင်းနိုင်ငံကို လေအေးတွေ စတင်ဝင်ရောက် တိုက်ခတ်လာနေခြင်းက မိုးရာသီအကုန်၊ ဆောင်းရာသီအကူး ကာလဆီ ဝင်ရောက်နေပြီဆိုတာ ညွှန်ပြနေပေမယ့် တောင်ဖက်ခြမ်း ထိုင်းပင်လယ်ကွေ့ တလျှောက်မှာ အောက်တိုဘာ ၂၃ ကနေ ၂၇ ရက်နေ့ထိ ကာလအတွင်း မိုးသည်းထန်ပြီး ရေကြီးမယ့် အလားအလာအတွက် စိုးရိမ်ရဆဲလို့ ဆိုပါတယ်။ ဆောင်းရာသီထဲ ကူးပြောင်းဝင်ရောက်မယ့် လက္ခဏာတွေ စတင်ပြသနေပေမယ့် လေအေးတွေ ကြာကြာ တိုက်ခိုက်နေဦးမယ် ဆိုတာက မသေချာသေးဘူးလို့ ထိုင်းမိုးလေဝသ ဌာနရဲ့ လေကြောင်း မိုးလေဝသ ဌာနခွဲ အကြီးအကဲ ဆွမ်ကွမ် တွန်ဂျန်က ပြောပါတယ်။ လကုန်ပိုင်းထိ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေ လျော့ကျသွားပြီ ဖြစ်ပေမယ့် အရှေ့မြောက်ဖက်၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြို့တော်ဘန်ကောက် အနီးတဝိုက် ဧရိယာတွေမှာတော့ မိုးရွာသွန်းနိုင်ခြေက တိုးလာတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၃ ကနေ ၂၇ ရက်နေ့ထိ အတောအတွင်း ဆူရတ်ဌာနီ၊ နက်ခွန်ဆီသမ်မာရတ်၊ ဆွန်ခလာစတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ခြေ၊ ရေကြီးနိုင်ခြေ၊ တောင်ကျရေ ရုတ်တရက် စီးဆင်းလာနိုင်ခြေတွေအတွက် ဒေသခံတွေ ကြိုတင် ပြင်ဆင်ထားဖို့လည်း မိုးလေဝသ ဌာနက နှိုးဆော်ထားပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ယူကရိန်း #စတားလင့်ခ် #အီလွန်မတ်စ်ခ် #စတားရှီးလ် #ယူကရိန်းစစ်ပွဲ #အမေရိကန် #Ukraine #Starlink #ElonMusk #SpaceX #Starshield #UkraineWar #USGovernment #ထိုင်းသတင်း #ထိုင်းတောင်ပိုင်း #မိုးလေဝသ #ရေကြီးမှုသတိပေးချက် #သဘာဝဘေး #ထိုင်းရာသီဥတု #ThailandNews #SouthernThailand #ThailandFlood #WeatherWarning #HeavyRain #ThaiWeather