အလ္လာ့ဟ်ကို နာခံခြင်းနဲ့ ရစူလ်ကို နာခံခြင်း|إِطَاعَةُ اللهِ وَإِطَاعَةُ الرَّسُوْلِ
Kyaw Win Official Channel
0:00 / 0:00
အလ္လာ့ဟ်ကို နာခံခြင်းနဲ့ ရစူလ်ကို နာခံခြင်း|إِطَاعَةُ اللهِ وَإِطَاعَةُ الرَّسُوْلِ
815 просмотров · 6 мес. назад
Kyaw Win Official Channel
1,07 тыс. подписчиков
815 просмотров · 6 мес. назад
#allahﷻallahﷻ #quran #fypyoutube #myanmar #foryoupage
✅ပထမဆုံး ပြောချင်တာက မုဟမ္မဒ်ဆိုတာ တခေတ်တခါမှာ တကယ်ပဲ ရှိခဲ့တာလား။ ဒါမှမဟုတ် အရည်အချင်းသက်သက်ကို ပြောတာလား။ ဒီအရည်အချင်းဆိုတာနဲ့ ပတ်သက်ပြီး၊ အိဗ်ရာဟီမ် ၏ အရည်အချင်းများ အပိုင်း ၁ မှာတုန်းကလည်း ကျွန်တော် ပြောခဲ့ပြီးပြီ။ သတိရအောင် ပြန်ပြောရရင် အိဗ်ရာဟီမ်ဆိုတာ ပကတိ လူသားအသွင်နဲ့ တည်ရှိခဲ့သလို၊ အရည်အချင်းကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ခေတ်ကာလ အသီးသီးမှာ အိဗ်ရာဟီမ်ရဲ့ အရည်အချင်းကို မွေးမြူတဲ့ သူတိုင်းသည် အိဗ်ရာဟီမ် ကို ကိုယ်စားပြုနိုင်တယ်။
ဒုတိယ တချက်က ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့ ဒီကုရ်အာန်က အဲဒီ့ မုဟမ္မဒ်ဆိုတဲ့ ပုဂ္ဂိုလ် အပေါ် တကယ်ပဲ ချမှတ်ခဲ့တာလား။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒီနေ့ ကမ္ဘာပေါ်မှာ ကုရ်အာန်ဝါဒီတွေ အကြား အကွဲအလွဲတခု ဖြစ်လာတယ်။ ကျွန်တော်ကတော့ အခုအချိန်အထိ မုဟမ္မဒ်ဆိုတာ လူပုဂ္ဂိုလ်တဦး အနေနဲ့ အမှန်တကယ် ရှိခဲ့တယ်။ ပြီးတော့ ကျမ်းမြတ်ကုရ်အာန် သည်လည်း မုဟမ္မဒ်ဆိုတဲ့ လူပုဂ္ဂိုလ်တဦး အပေါ် ပထမဆုံး ချမှတ်ခံရတယ်လို့ လက်ခံထားဆဲပဲ။ [ဒီမှာပြောတဲ့ ပထမဆုံးဆိုတာက ကုရ်အာန်ဆိုတဲ့ နာမည်ကို ကိုယ်စားပြုပြီး ချမှတ်တာကို ပြောတာပါ။ ဆိုလိုတာက အလ္လာ့ဟ်ထံက ချမှတ်သမျှ လူ့ဘဝ တည်ဆောက်မှု စည်းမျဉ်းတွေ ပါဝင်တဲ့ ကျမ်းဂန်ဆိုတာ စင်စစ်မှာ တကျမ်းတည်းပါ။ ကျမ်းနာမည်တွေ ဘယ်လိုပဲ ကွဲပြားပါစေ၊ ဥပမာ- သောက်ဝ်ရာဟ်၊ အင်န်ဂျီလ်၊ ဇဗူရ်၊ ဇဗူရ်ရဲ့ ဗဟုဝုစ် ဇုဗုရ်ကိုလည်း ကုရ်အာန် မှာ သုံးနှုန်းထားတယ်။ ပြီးတော့ ဆုဟုဖှ်၊ ဒါက ဆွဟီဖှဟ်ရဲ့ ဗဟုဝုစ်ပါ] မည်သို့ပင် ဖြစ်စေ၊ ကုရ်အာန်ဆိုတဲ့ နာမည်ကို ကိုယ်စားပြုပြီး ချမှတ်လိုက်တဲ့ လူ့ဘဝ လမ်းညွှန် ဥပဒေကျမ်းက မုဟမ္မဒ်အမည်ရှိတဲ့ ပုဂ္ဂိုလ် တဦးအပေါ် ချမှတ်ပေးခဲ့တာပါ။
📖ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာတည်သရွေ့ လိုက်နာကျင့်သုံးအပ်သော ဥပဒေကျမ်းဖြစ်သည်။
🖥️"ဤချန်နယ်ကို ကြည့်ရှုသူတိုင်းသည် ကုရ်အာန်ကျမ်းတော်မြတ်မှ အသိပညာ ဗဟုသုတများ ရရှိကြပြီး ထိုးထွင်းသိမြင်နားလည်မှုများ ရရှိကာ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ပါစေ။ ကျွန်ုပ်၏Channelကို စာရင်းသွင်းပြီး ကျွန်ုပ်၏ဗီဒီယိုများကို တတ်နိုင်သမျှ မျှဝေပေးပါ။"