Перейти к содержимому

ထုံးရေကြည်မလိုပဲ မုန့်လက်ဆောင်းဖတ်လုပ်နည်း

Ketchup with Emily (အမ်မလီ)

0:00 / 0:00

ထုံးရေကြည်မလိုပဲ မုန့်လက်ဆောင်းဖတ်လုပ်နည်း

2 702 просмотра · 5 месяцев назад
Ketchup with Emily (အမ်မလီ)
4,66 тыс. подписчиков
2 702 просмотра · 5 месяцев назад
ထုံးရည်ကြည်မလိုတဲ့ မုန့်လက်ဆောင်း (မုန့်လုပ်ဆောင်းဖတ်) ပြုလုပ်နည်း Em အရင်တစ်ခါက ဆန်မှုန့်ကို ပီလောပီနံမှုန့်ပိုထည့်ပြီး ထုံးရည်ကြည်မပါဘဲ မုန့်လက်ဆောင်းဖတ်လေးလုပ်ပြဖူးပါတယ် ဒါလေးကကြ Mung Bean Starch လိုခေါ်တဲ့ ပဲတီစိမ်းမှုန့်ကို အဓိကသုံးပြီးလုပ်ထားတဲ့ နည်းလေးပါရှင် Em ကတော့ Mung Bean Starch ပါတဲ့နည်းကို အရင်နည်းထက်တောင် ပိုကြိုက်ပါသေးတယ်ရှင် လုပ်ရလဲတော်တော်လွယ်ပါတယ် ပုံမှန် မုန့်လက်ဆောင်းလုပ်တဲ့အချိန်မှာ ထုံးရေကြည်သုံးရတာက မုန့်လက်ဆောင်းဖတ်ကို သူ့ပုံစံမပျက်ထိန်းထားနိုင်ပြီး မုန့်သားက ကြည်ကြည်ပြောင်ပြောင်တုံတုံလေးဖြစ်စေလို့ပါရှင် Mung Bean Starch က ထုံးရေကြည်ကပေးတဲ့ မုန့်အနေအထားလိုမျိုး ရတဲ့အပြင်ကို ရွှေရင်အေးလို ရေခဲပါတဲ့အချိုပွဲတွေထဲမှာလဲ ပျော့မသွားပဲ ဝါးရတာခပ်ထုတ်ထုတ်နဲ့စားလို့ကောင်းစေပါတယ်ရှင် Chendol လို့လဲခေါ်တဲ့ မုန့်လက်ဆောင်းဖတ်လေးတွေနဲ့လုပ်တဲ့ အချိုပွဲတွေက ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားဖက်တွေမှာလဲ နံမည်ကြီးပါတယ် ဒီနည်းလေးက အဲ့ဘက်ကနည်းတွေကို အခြေခံပြီးလုပ်ထားတာပါရှင် Em ကတော့ ဆွမ်းမွှေးရွက် (Pandan Leaves) အရောင်တစ်ခုကိုပဲသုံးထားပါတယ် မလေးရှားတို့ အင်ဒိုတို့က မုန့်လက်ဆောင်းဖတ်လေးတွေက ပိုပြီးအရောင်ရင့်တာကလေ ဆွမ်းမွှေးရွက်အပြင် အစိမ်းရောင် food colouring or Pandan Food Coloring တွေကို ထပ်ထည့်ကြတာပါ Em ကတော့ သဘာဝအရောင်အတိုင်းလေးကို ပိုကြိုက်ပါတယ်ရှင် မြန်မာအချိုပွဲနဲ့လဲ ပိုတူတယ်ခံစားရပါတယ် ဒီနည်းလေးက မြန်မာနိုင်ငံက မုန့်လက်ဆောင်းဖတ်လိုပဲ အရသာရော texture ရောတူပါတယ် တစ်ခါလုပ်ထားပြီးရင်လဲ ရေခဲသတ္တာထဲမှာ ၃ ရက်လောက်အထားခံပါတယ် လုပ်ရတာလဲ စုစုပေါင်းမှ ၁၀ မိနစ်ပဲကြာတာမို့ တော်တော်မြန်တယ်ပဲပြောရမယ်ရှင် မုန့်သားကလဲကျက်ပြီး အစိမ်းနံ့လဲလုံးဝမရပါဘူး မုန့်လုပ်ဆောင်းကလေ ခက်တယ်ထင်ရပေမယ့် နည်းသိရင် လွယ်ပါတယ် လက်မြန်ဖို့နဲ့ ဂရုစိုက်ရမှာလေးတွေသိထားရင်ရပါပြီရှင် အရေးကြီးဆုံးကတော့ မီးကိုအေးအေးကပဲထားဖို့ပါ ၁၀ မိနစ်လုံးပေါ့နော် စပျစ်လာရင်ပိုလျှော့လို့ရပါတယ် နောက်တစ်ခုက မုန့်သားက ကြည်လာလား ပြောင်လာလားကိုစစ်ပါနော် နောက်ဆုံးတစ်ခုကတော့ ယောင်းမနဲ့မုန့်နှစ်ကို ကော်ကြည့်လိုက်ရင် အောက်ကိုပြန်ကျတဲ့အချိန်မှာ ကြွက်မြီးလေးတန်းသလို အမြီးတန်းလေးဖြစ်ရပါမယ် အဲ့တာဆိုတာနဲ့ မုန့်နှစ်ကရပါပြီ ဒီနည်းကရေမများတဲ့အတွက် မုန့်နှစ်ကတအားကျဲနေမှာကို အရမ်းတော့စိတ်ပူဖို့မလိုပါဘူးရှင် ကော်ကြည့်လိုက်လို့ မုန့်နှစ်က ဟင်းအနှစ်လို ပြန်ကျနေသေးရင် မကျက်သေးပါဘူးနော် ကော်ကြည့်လိုက်လို့ မုန့်နှစ်က လုံးဝအောက်ပြန်မကျတော့ဘူးဆိုလဲ နည်းနည်းမာသွားပါပြီ ဒီဟာကို အရင်ဗီဒီယိုမှာသေချာမရှင်းပြမိဘူးပေါ့နော် ဒီတစ်ခါတော့ Em သေချာစမ်းကြည့်ထားတာမို့ fail proof ဖြစ်မယ့်နည်းလေးပါရှင် ပါဝင်ပစ္စည်းများ (ရွှေရင်အေး ၁၀ ခွက်ခန့်) – Mung Bean Starch – 1 Cup ဆန်မှုန့်/Rice Flour – ½ Cup ပီလောပီနံမှုန့်/သာကူမှုန့်/ Tapioca Flour - ထမင်းစားဇွန်း ၂ ဇွန်း ဆား - လက်ဖက်စားဇွန်းတစ်ဝက် (မထည့်လဲရ) ဆွမ်းမွှေးရွက် - ၁၀ ရွက်ခန့် ရေ - 6 Cup (ဆွမ်းမွှေးကျိတ်တဲ့အချိန် 1 Cup )