အုန်းသီးများများ မြေပဲများများနဲ့ ထောပတ်ဘိန်းမုန့် မွှေးမွှေးလေး
Ketchup with Emily (အမ်မလီ)
0:00 / 0:00
အုန်းသီးများများ မြေပဲများများနဲ့ ထောပတ်ဘိန်းမုန့် မွှေးမွှေးလေး
419 просмотров · 6 месяцев назад
Ketchup with Emily (အမ်မလီ)
4,67 тыс. подписчиков
419 просмотров · 6 месяцев назад
အုန်းသီးများများ မြေပဲများများနဲ့ ထောပတ်နံ့လေးအရမ်းမွှေးတဲ့ ထောပတ်ဘိန်းမုန့်လေး လုပ်စားရအောင်နော်
လုပ်ရတာခက်မယ်ထင်ရပေမယ့် အိမ်မှာအလွယ်တကူလုပ်စားလို့ရပြီး အရသာကလဲ ဆိုင်ကလိုပဲကောင်းတာမို့လေ Em တို့အိမ်မှာဆို တစ်ခါလုပ်ပြီးရင် ခဏလေးနဲ့စားလို့ကုန်သွားတာရယ် ကော်ဖီတို့လက်ဖက်ရည်တို့နဲ့ဆိုရင်လဲ အရမ်းလိုက်တာ အိမ်မှာလုပ်စားကြည့်နော်
ပါဝင်ပစ္စည်းများ ( ဘိန်းမုန့် ၅ - ၆ ခုစာ)
ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၃ ခွက်
ကြက်ဥ - ၂ လုံး
Yeast - လက်ဖက်စားဇွန်း ၁ ဇွန်း (1tsp)
ဆား - လက်ဖက်စားဇွန်းဝက် (1/2tsp)
Baking soda - လက်ဖက်စားဇွန်း ၄ ပုံ၁ပုံ (1/4 tsp)
ထန်းလျက် - ၂ တုံးခွဲ - ၃ တုံး (100 g – 150 g)
ရေ - ၃၀၀ မီလီ
မုန့်နှစ်စပ်ဖို့က ဒီအပေါ်ကအချိုးအစားအတိုင်းဆို အရည်အနေနဲ့ ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၂ ခွက်ကနေ ၂ ခွက်ခွဲထည့်လို့ရပါတယ်ရှင်။ အဲ့တာကို ထန်းလျက်ရည်က အပြည့်ရရင် အပြည့်ထည့်ပြီး ထန်းလျက်ရည်မလောက်ရင် ရေထည့်လို့ရပါတယ်နော်။ ထန်းလျက်ကျိုတဲ့ ကြာချိန်နဲ့မီးအနည်းအများပေါ်မူတည်ပြီး ရေကခန်းသွားမှာမို့ပါရှင်
ဘိန်းမုန့်လုပ်ရန် -
Ghee
မြေပဲ
အုန်းသီး
နှမ်းစေ့
ချစ်တဲ့
အမ်မလီ
#ဘိန်းမုန့် #ထောပတ်ဘိန်းမုန့်