Перейти к содержимому

Khit Thit Evening News | 11 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Evening News | 11 October 2026

218 272 просмотра · 5 ч назад
Khit Thit Media
3,3 млн подписчиков
218 272 просмотра · 5 ч назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်မှာ ကြွက်သေးကတစ်ဆင့် ကူးစက်နိုင်တဲ့ Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်) ရောဂါနဲ့ ညီအစ်ကို ၂ ဦး ဖျားနာပြီးနောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့တယ်လို့ အဒေါ်ဖြစ်သူရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်နဲ့ သာကေတမှ ပရဟိတအဖွဲ့ဝင်တစ်ဦးရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်က မြန်မာစစ်အုပ်စုကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ရောက်လာစေဖို့ ကြိုးပမ်းရာမှာ တိုးတက်မှုအချို့ ရှိလာပေမယ့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုတော့ ပြောင်းလဲမရတဲ့ အခြေခံမူအဖြစ် ဆက်လက်ကိုင်စွဲထားဆဲဖြစ်တယ်လို့ အောက်တိုဘာ ၈ ရက်က The Straits Times နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ၂၇၈၂ ခုကို အရေးယူထားပြီး ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်မယ့်အပြင် တရားမဝင် အဆောက်အအုံဖျက်သိမ်းရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီ၊ စည်ပင်ဝန်ကြီး အကြမ်းဖက် မျိုးမြင့်အောင်က ပြောဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးဟာ ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် မရယူနိုင်သေးတာကြောင့် ယူကရိန်းအနေနဲ့ ခေါင်းဆောင်သစ် ရွေးချယ်သင့်တယ်လို့ ပြောဆိုတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။