Перейти к содержимому

ဓားပြ ဂိတ်ဖြစ်လာတဲ့ ရန်ကုန်လေဆိပ် (ရုပ်/သံ)

The Irrawaddy News

0:00 / 0:00

ဓားပြ ဂိတ်ဖြစ်လာတဲ့ ရန်ကုန်လေဆိပ် (ရုပ်/သံ)

180 273 просмотра · 4 недели назад
The Irrawaddy News
1,61 млн подписчиков
180 273 просмотра · 4 недели назад
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာဏာသိမ်းအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အဂတိလိုက်စားမှုတွေ အဆမတန် များပြားလာနေပြီး ခရီးသွားပြည်သူတွေကြားမှာတော့ "ဓားပြဂိတ်" လို့တောင် အမည်တပ် ပြောဆိုနေကြပါတယ်။ လေဆိပ်မှာ တာဝန်ကျနေတဲ့ဝန်ထမ်းတွေဟာ ခရီးသည်တွေဆီကနေ နည်းမျိုးစုံနဲ့ အတင်းအကြပ် ငွေကြေးတောင်းခံနေတာတွေကြောင့် ခရီးသွားလာသူတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရုံတင်မကဘဲ မတရား ငွေပေးဆောင်နေရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။ ရန်ကုန်လေဆိပ်က ဝန်ထမ်းတွေဟာ ခရီးသည်တွေကို စိတ်အနှောင့် အယှက်ဖြစ်စေတဲ့ စစ်ဆေးမေးမြန်းမှုတွေ တမင်ပြုလုပ်လေ့ရှိပြီး ငွေပေးလိုက်မှသာ ဒီစစ်ဆေးမှုတွေကနေ လွတ်မြောက်နိုင်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်လေဆိပ်ဟာ ဆိုက်ရောက်ခရီးသည်တွေထက် ပြည်ပကို ထွက်ခွာမယ့်သူတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ တွေ့ရပါတယ်။ ဒီလို တင်းကျပ်မှုတွေနဲ့ ငွေညှစ်မှုတွေကြောင့် ခရီးသည်တွေအနေနဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ အလွယ်တကူ ထွက်ခွာနိုင်ဖို့အတွက် "VIP Pass" လို့ခေါ်တဲ့ ငွေပေးပြီး ဝန်ဆောင်မှုယူရတဲ့စနစ်တွေဟာလည်း လေဆိပ်အတွင်းမှာ ဗြောင်ကျကျ ခေတ်စားလာနေတယ်လို့ သိရပါတယ်။ လေဆိပ်ဝန်ထမ်းတွေရဲ့ ခြိမ်းခြောက်ငွေညှစ်ခံရမှာကို စိုးရိမ်တာကြောင့်ဖြစ်စေ၊ မိမိသွားလိုတဲ့ ခရီးစဉ်ကို အနှောင့်အယှက်မရှိချောချောမွေ့မွေ့ ရောက်ရှိချင်တာကြောင့်ဖြစ်စေ ငွေကုန်ကြေးကျ အလွန်များပြားတဲ့ "VIP Pass" လို့ခေါ်တဲ့ လမ်းကြောင်းကို ရွေးချယ်အသုံးပြုနေကြရသူတွေလည်း ရှိနေတာပါ။ ဒီ "VIP Pass" ဆိုတာဟာ လေဆိပ်ဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေကို လာဘ်ငွေပေးပြီး စစ်ဆေးမေးမြန်းမှုတွေကို ကျော်ဖြတ်ရတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ဝန်ဆောင်မှုပေးသူတွေက လေဆိပ်အရာရှိတွေနဲ့ ပူးပေါင်းပြီး ခရီးသည်တွေဆီကနေနည်းမျိုးစုံနဲ့ ငွေညှစ်ယူနေတာဖြစ်လို့ လက်ရှိ ရန်ကုန်လေဆိပ်ဟာ ခရီးသွားပြည်သူတွေအပေါ် ဗြောင်ကျကျ ငွေညှစ်တဲ့ လမ်းကြောင်းတခုလို ဖြစ်နေတာ ဖြစ်ပါတယ်။ အာဏာသိမ်းအစိုးရဟာ ပြည်ပထွက်ခွာမယ့်သူတွေကို နည်းမျိုးစုံနဲ့ တင်းကျပ်နေပေမဲ့ လေဆိပ်အတွင်းက ဗြောင်ကျကျ ဖြစ်ပေါ်နေတဲ့အဂတိလိုက်စားမှုတွေကိုတော့ ထိရောက်စွာ တားဆီးအရေးယူတာမျိုး လုံးဝမတွေ့ရဘဲ လျစ်လျူရှုထားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား တခုလုံးမှာ အဂတိလိုက်စားမှုတွေ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီလဲဆိုတာကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြနေတာပါ။ #မြန်မာ #ဧရာဝတီ #ရန်ကုန်လေဆိပ် #ဓားပြ #အဂတိ #VIPPass #WhatsHappensInMyanmar