ချောင်းမရွာတိုက်ပွဲမှ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦးဖမ်းမိ
Khit Thit Media
0:00 / 0:00
ချောင်းမရွာတိုက်ပွဲမှ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦးဖမ်းမိ
561 119 просмотров · 11 месяцев назад
Khit Thit Media
3,28 млн подписчиков
561 119 просмотров · 11 месяцев назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာလူငယ်တွေ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေမှုတွေကို တားဆီးပေးဖို့ အကြမ်းဖက် စစ်တပ်က လုပ်ငန်းရှင်တွေကိုပါ အကူအညီတောင်းလာပြန်တယ်လို့ (UMFCCI) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ချောင်းမရွာတိုက်ပွဲကနေ အကြမ်းဖက် စစ်တပ် စစ်ကြောင်းလိုက်တပ်ပျက်ပြီး ထွက်ပြေးလာတဲ့အထဲက ဒုတပ်ကြပ် ၁ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နဲ့အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်သား ၄ ဦးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးစလုံး ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။