Перейти к содержимому

တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အဓိပတိ သတိပေး | People's Spring

People's Spring

0:00 / 0:00

တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အဓိပတိ သတိပေး | People's Spring

20 593 просмотра · 1 дн. назад
People's Spring
708 тыс. подписчиков
20 593 просмотра · 1 дн. назад
တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အဓိပတိ သတိပေး နိုဝင်ဘာလ- ၁ ၊၂၀၂၆ ။People’s Spring အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အစိုးရ အဓိပတိက တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း သတင်းတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ စိုးရိမ်မှုတွေ မြင့်တက်နေချိန် အောက်တိုဘာ ၃၁ ရက်နေ့မှာ မော့ဂျ်တာဘာ ခါမေနီဆီက အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန်အပေါ် ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ချက်ချင်း လက်တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ပြီးတော့ အီရန်ရဲ့ တုံ့ပြန်မှုဟာ ပထဝီဝင် အခြေအနေအရ ဘာကန့်သတ်မှုမှလည်း ထားရှိမှာ မဟုတ်ကြောင်း ခါမေနီက အစည်းအဝေး တစ်ခုမှာ အီရန်စစ်ဦးစီးတွေကို ပြောကြားခဲ့တယ်လို့ သူ့ရဲ့ရုံး ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ အီရန်ကို တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်နဲ့ ဇီယွန်နစ်ရန်သူ (အစ္စရေး)တို့ရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကျိုးစီးပွား အားလုံးကို တိုက်ခိုက်ဖို့လည်း အဓိပတိကြီးက အီရန် လက်နက်ကိုင် တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ခါမေနီဟာ အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကတည်းက လူမြင်ကွင်းကို လုံးဝ ထွက်မလာခဲ့သေးပါဘူး။ စစ်ပွဲ အဖွင့်နေ့မှာ သူ့ရဲ့ဖခင် အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီး အဲဒီနောက် ခါမေနီက ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာပါ။ လောလောဆယ်မှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား အလွတ်သဘောအဖြစ် တိုက်ခိုက်မှုတွေ ရပ်နားထားပေမယ့် သက်တမ်းဝက် ရွေးကောက်ပွဲပြီးရင် အမေရိကန်က စစ်ဆင်ရေးတွေ ပြန်စလာနိုင်တယ်ဆိုတဲ့ သတင်းတွေကတော့ ပျံ့နှံ့နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုကတော့ တိုက်ခိုက်မှုတွေ ပြန်စဖို့ကိစ္စ အမေရိကန် အစိုးရမှာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဖြစ်ချင်တယ်ဆိုရင် စစ်ရေးရည်မှန်းချက်တွေ အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းမျိုး အမေရိကန်က ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ဘာကိုမှ တိတိကျကျ မဆုံးဖြတ်သေးကြောင်း ရူဘီရိုက ပြောကြားသွားပါတယ်။ ထရမ့်က အီရန်စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ ပိုပြီး လိုလားနေကြောင်း သူက ပြောပေမယ့် ထိတွေ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေ အချိန်ကာလကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားခဲ့ပါဘူး။ တိုက်ပွဲတွေ ပြန်စလာရင် ဟောမုဇ် ရေလက်ကြားမှာ သွယ်တန်းထားတဲ့ ရေအောက် အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ စဉ်းစားထားကြောင်း အစောပိုင်းမှာလည်း အီရန်က ခြိမ်းခြောက်ထားဖူးပါတယ်။ ===== မြောက်ကိုရီးယားရဲ့နျူလက်နက်တွေဖျက်သိမ်းဖို့အမေရိကန်နဲ့မဟာမိတ်နှစ်နိုင်ငံဆက်လက်အားထုတ်မယ် နိုဝင်ဘာလ- ၁ ၊၂၀၂၆ ။People’s Spring မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အလုံးစုံ ဖျက်သိမ်းရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် တရားဝင် ကြေညာထားသလို လက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှု ဖြစ်နိုင်ခြေတွေ မှန်သမျှကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်း၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတက်ဂီတို့ဟာ G20 ညီလာခံရဲ့ သီးခြားအစည်းအဝေးအဖြစ် အမေရိကန်နိုင်ငံ၊ အတ္တလန္တာမြို့မှာ မျက်နှာစုံညီ ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီး ၃ ဦးက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာ စီမံကိန်းတွေထဲ ငွေကြေးစီးဝင်မှုတွေကို တားမြစ်ဖို့ အပါအဝင် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) လုံခြုံရေး ကောင်စီက ဆုံးဖြတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ကိစ္စတွေကို အပြည့်အဝ အကောင်အထည် ဖော်ဖို့လည်း သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေနဲ့ UNရဲ့ ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယားဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ ကျောထောက်နောက်ခံ ရပ်တည်မှုနဲ့အတူ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေ ဆက်လက် လုပ်ဆောင်ရင်း နျူကလီးယား လက်နက်တိုက်ကိုလည်း ချဲ့ထွင်နေပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်မှုကိုလည်း လုံးဝ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးကိစ္စ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ မြောက်ကိုရီးယားကို အကြိမ်ကြိမ် ဖိတ်ခေါ်နေပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် အမေရိကန် သမ္မတ သက်တမ်းတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပေမယ့် လက်ရှိဒုတိယအကြိမ် သက်တမ်းမှာတော့ သူတို့နှစ်ဦး လူချင်း မတွေ့ဖြစ်ကြသေးပါဘူး။ နိုဝင်ဘာလလယ်ကျရင် ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံမှာတော့ ထရမ့်ဟာ ကင်မ်နဲ့ တွေ့ဆုံဖြစ်ဖွယ် ရှိနေကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။ အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က မြောက်ကိုရီးယား နျူကလီးယားလက်နက်တွေ အပြီးတိုင် စွန့်လွှတ်ရေးကို တောင်းဆိုဖို့ မဖြစ်နိုင်သေးရင်တောင် ပထမအဆင့် အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေကို ရှိရင်းစွဲ အဆင့်မှာ ရပ်တန့်ဖို့ ညှိနှိုင်းသင့်ကြောင်း အကြံပြုထားဖူးပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အီရန်သတင်း #အမေရိကန် #အစ္စရေး #အရှေ့အလယ်ပိုင်း #ခါမေနီ #Iran #USA #Israel #MiddleEast #Khamenei #မြောက်ကိုရီးယား #နျူကလီးယား #တောင်ကိုရီးယား #ဂျပန် #အမေရိကန် #NorthKorea #DPRK #NuclearDisarmament #SouthKorea #Japan #Trilateral