Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media
0:00 / 0:00
Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
783 313 просмотров · 2 года назад
Khit Thit Media
3,28 млн подписчиков
783 313 просмотров · 2 года назад
Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်ကတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လှေနဲ့ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က အဝင်မခံဘဲ တားဆီးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှေနဲ့ နတ်မြစ်အတွင်း မျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနဲ့ မြင်းစီးရွာတို့ကို နယ်မြေ ရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ၄ ရက်ကြာ ယာယီတစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက လားရှိုးနဲ့ ကျောက်မဲမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေလို့ အရပ်သား တွေ ထိခိုက်သေဆုံးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။