Перейти к содержимому

စစ်ဘေးကြားက ပညာသင်နေတဲ့ လေးတန်းကျောင်းသား စစ်တပ်လက်ချက်ကြောင့် သေဆုံး

Myanmar Now News

0:00 / 0:00

စစ်ဘေးကြားက ပညာသင်နေတဲ့ လေးတန်းကျောင်းသား စစ်တပ်လက်ချက်ကြောင့် သေဆုံး

7 656 просмотров · 1 день назад
Myanmar Now News
1,2 млн подписчиков
7 656 просмотров · 1 день назад
စစ်ဘေးကြားက ပညာသင်နေတဲ့ လေးတန်းကျောင်းသား စစ်တပ်လက်ချက်ကြောင့် သေဆုံး ----------------- စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကိုယ်ထူကိုယ်ထ ကလေးဂေဟာတစ်ခုမှာ ပညာသင်နေတဲ့ အသက် ၁၀ နှစ်အရွယ် လေးတန်းကျောင်းသား မောင်စိုးအာကာဝင်း သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်က ဒီးမော့ဆိုမြို့နဲ့ ငါးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ စိုးအာကာဝင်းဟာ မွေးကင်းစအရွယ်ကတည်းက ဖခင်ဆုံးပါးသွားခဲ့သူဖြစ်ပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အသက်ငါးနှစ်အရွယ်ကတည်းက ဒီကလေးဂေဟာကို ရောက်ရှိလာပြီး ပညာသင်ယူနေခဲ့တာပါ။ ဒါပေမဲ့ စစ်ဘေးကြားမှာ ပညာဆက်သင်နေတဲ့ သူ့ဘဝဟာ အသက် ၁၀ နှစ်အရွယ်မှာပဲ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အဆုံးသတ်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးငါးဦး ထိခိုက်ခဲ့ပါတယ်။ စိုးအာကာဝင်း သေဆုံးခဲ့ပြီး ကျန်ကလေးလေးဦး ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး တစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ စက်တင်ဘာ ၁၆ ရက် တစ်ရက်တည်းမှာပဲ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်က ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အသေခံဒရုန်းတွေနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က ပြောပါတယ်။ စက်တင်ဘာလဆန်းကစပြီး ကရင်နီဒေသမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း IEC က ဆိုပါတယ်။ သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ ------------------------------------------- Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။