ရခိုင်က နာမည်ကျော် ‘တောဟိန်းတောင်တိုက်ပွဲ’ ဘယ်လောက်ပြင်းထန်ခဲ့သလဲ
Myanmar Now News
0:00 / 0:00
ရခိုင်က နာမည်ကျော် ‘တောဟိန်းတောင်တိုက်ပွဲ’ ဘယ်လောက်ပြင်းထန်ခဲ့သလဲ
349 155 просмотров · 4 месяца назад
Myanmar Now News
1,19 млн подписчиков
349 155 просмотров · 4 месяца назад
ရခိုင်က နာမည်ကျော် ‘တောဟိန်းတောင်တိုက်ပွဲ’ ဘယ်လောက်ပြင်းထန်ခဲ့သလဲ
…………..
ရခိုင်ပြည်နယ်အတွင်း အပြင်းထန်ဆုံးနဲ့ အခက်ခဲဆုံး တိုက်ပွဲတွေထဲကတစ်ခုဆိုရင် နာမည်ကျော် “တောဟိန်းတောင်တိုက်ပွဲ” ကို ညွှန်းရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီးမှာရှိတဲ့ တောဟိန်းတောင်ဗျူဟာကုန်းဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ်ထားပြီး စစ်တပ်အတွက် အရေးပါတဲ့ စစ်ရေးနေရာတစ်ခု ဖြစ်ပါတယ်။
ဒီလို အခရာကျတဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာမှာ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၄ရက်နေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အတွေ့အကြုံများတဲ့ စစ်သားတွေ ပါဝင်တာကြောင့် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပါတယ်။ AA နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ လူအင်အား၊ လက်နက်အင်အား ထပ်မံဖြည့်တင်းပြီး ထိုးစစ်ကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ရတာပါ။
အာရက္ခတပ်တော် AA ဟာ သူ့ရဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)တပ်ဖွဲ့ထဲက အခြေခံစစ်သင်တန်းဆင်းပြီးသား တပ်ဖွဲ့ဝင် အယောက် ၆၀လောက်ကို တစ်လခွဲကြာ ‘အထူးတိုက်ခိုက်ရေးသင်တန်း’ ပို့ချခဲ့ပါတယ်။
ဒါဟာ ‘တောဟိန်းတောင်ဗျူဟာ’ ကို သိမ်းပိုက်ဖို့ သီးသန့်ပြင်ဆင်တဲ့ အထူးသင်တန်းတစ်ခု ဖြစ်ပါတယ်။
မိုးရေထဲမှာ ထမင်းချက်နည်း၊ မီးခိုးမထွက်အောင် ထမင်းချက်နည်းကအစ AA တပ်ဖွဲ့က အသေးစိတ်သင်ပေးခဲ့ပါတယ်။
ခြောက်လလောက် အချိန်ယူ တိုက်ခိုက်ခဲ့ရပြီး နှစ်ဖက်လုံးအတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ ‘တောဟိန်းတောင်တိုက်ပွဲ’ အကြောင်းကို ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးယောက်ရဲ့ ပြောပြချက်အပေါ် အခြေခံပြီး တင်ပြပေးမှာ ဖြစ်ပါတယ်။
ညီထွေး/ Myanmar Now
-------------------------------------------
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။