Перейти к содержимому

ထိုင်းမှာ တရုတ်နိုင်ငံသားတွေ ပြန်ပေးဆွဲခံရမှုကြောင့် တရုတ်သံရုံး သတိပေးချက်အသစ်ထုတ်

Myanmar Now News

0:00 / 0:00

ထိုင်းမှာ တရုတ်နိုင်ငံသားတွေ ပြန်ပေးဆွဲခံရမှုကြောင့် တရုတ်သံရုံး သတိပေးချက်အသစ်ထုတ်

13 588 просмотров · 14 часов назад
Myanmar Now News
1,21 млн подписчиков
13 588 просмотров · 14 часов назад
ထိုင်းမှာ တရုတ်နိုင်ငံသားတွေ ပြန်ပေးဆွဲခံရမှုကြောင့် တရုတ်သံရုံး သတိပေးချက်အသစ်ထုတ် ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်နိုင်ငံသားတွေ အလုပ်အကိုင်အတုနဲ့ လှည့်ဖြားခံရပြီး မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ ပို့ဆောင်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် တရုတ်သံရုံးက ခရီးသွားလုံခြုံရေးသတိပေးချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ အနုပညာရှင်တွေ၊ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်သူတွေနဲ့ အွန်လိုင်းနာမည်ကြီးသူတွေကို ပစ်မှတ်ထားတဲ့ အလုပ်အကိုင်အတုတွေကို အထူးသတိပေးထားပါတယ်။ ဒီဖြစ်စဉ်တွေက ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးမှုနဲ့ ဆက်စပ်နေပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ လစာကောင်းတဲ့အလုပ်၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့စီးပွားရေးအခွင့်အလမ်းတွေကို အကြောင်းပြပြီး လူတွေကို ထိုင်းနိုင်ငံထဲ ခေါ်သွင်းကြပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနယ်စပ်ဘက် ပို့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းတာတွေ ရှိနေပါတယ်။ ထိုင်း–မြန်မာနယ်စပ်လို လုံခြုံရေးအန္တရာယ်မြင့်တဲ့ ဒေသတွေကိုလည်း မလိုအပ်ဘဲ မသွားကြဖို့လည်းသတိပေးထားပါတယ်။ တရုတ်သံရုံးဟာ ဧပြီလကလည်း အလားတူ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လအနည်းငယ်အကြာမှာပဲ သတိပေးချက်အသစ် ထပ်ထုတ်ပြန်လာတာဟာ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေဆီ လူကုန်ကူးတဲ့ ပြဿနာ ဆက်လက်ရှိနေသေးတယ်ဆိုတာကို ပြနေပါတယ်။ #MyanmarNow #Thailand #China #Myanmar #ScamCentres #HumanTrafficking