Khit Thit Evening News | 12 August 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | 12 August 2026
494 081 просмотр · 1 мес. назад
Khit Thit Media
3,28 млн подписчиков
494 081 просмотр · 1 мес. назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်အာဏာရှင်စနစ် ရှည်ကြာအောင် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူတွေအနေနဲ့ အမှန်တရား ဘက်က ရပ်တည်ကြဖို့ KIO/KIA က တရားဝင် သတိပေးလာပါတယ်။
တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ SCEF ရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင် စနစ်ကို အဆုံးသတ်မယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလာပါတယ်။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနဲ့ အဖွဲ့က စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို လွတ်အောင်လုပ်ပေးမယ်ပြောပြီး လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၅၀ ကနေ သိန်းရာချီအထိ လိမ်လည်တောင်းယမ်း ယူသွားတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်မိသားစု ဝင်တွေနဲ့ သန်လျင်ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောလာကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်တင်းကျပ်ဖို့ စတင်လုပ်ဆောင်လာပြီး အမေရိကန်ကပါ အီရန်ဆီကနေ လျော်ကြေးပြန်တောင်းဖို့ စီစဉ်နေတယ်လို့ ထရန့်က ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ တင်ဆက်ပေးပါမယ်။