Перейти к содержимому

Khit Thit Afternoon News | 9 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 9 August 2026

333 687 просмотров · 1 мес. назад
Khit Thit Media
3,28 млн подписчиков
333 687 просмотров · 1 мес. назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပြီး လက်ရှိမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက နေတစ်ဆင့် ပေါ်ပေါက်လာတဲ့ အစိုးရ တာဝန်ယူဆောင်ရွက်နေ ပြီဖြစ်တာကြောင့် နောင်မှာ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုအပ်တော့ဘူးလို့ ပြောဆိုလိုက် ပါတယ်။ -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့က ၃၈ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် အဖြစ် ဩဂုတ်လ ၈ ရက်နေ့မှာ အသီးသီးထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ သဝဏ်လွှာတွေမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး အတွက် နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ဖော်ပြထားပါတယ်။ -စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည် ရေထိန်းတံခါးကို အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုကို အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် မူးမြစ်တစ်လျှောက်မှာရှိတဲ့ ပြည်သူတွေ ရေဘေးဒုက္ခ ကြုံတွေ့နေရတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောကြားပါတယ်။ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘော တစ်စင်းကို အီရန်က စနေနေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပေမယ့် အီရန်နဲ့ ရေလက်ကြားအတွင်း ရေကြောင်း သွားလာမှု စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဆွေးနွေးပွဲတွေက အခြေအနေကောင်းမွန်စွာ တိုးတက်နေတယ်လို့ အိုမန်နိုင်ငံက ပြောဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။