မွန်တော်လှန်ရေးတပ် ၄ဖွဲ့ ဘာကြောင့် ပူးပေါင်းလိုက်သလဲ
Myanmar Now News
0:00 / 0:00
မွန်တော်လှန်ရေးတပ် ၄ဖွဲ့ ဘာကြောင့် ပူးပေါင်းလိုက်သလဲ
61 032 просмотра · 1 год назад
Myanmar Now News
1,21 млн подписчиков
61 032 просмотра · 1 год назад
မွန်တော်လှန်ရေးတပ် ၄ဖွဲ့ ဘာကြောင့် ပူးပေါင်းလိုက်သလဲ
…………..
တောင်ပိုင်းတိုင်းစစ်ဒေသဟု ခေါ်ဆိုကြသည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတွင် လှုပ်ရှားနေသော မွန်လက်နက်ကိုင်တော်လှန်ရေးတပ်များသည် မွန်တပ်တော်တစ်ခုတည်း ဖြစ်ပေါ်လာရေးအတွက် အပြင်းအထန်ကြိုးပမ်းနေကြသည်။
ပထမခြေလှမ်းအဖြစ် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မွန်လက်နက်ကိုင် ၄ တပ် ပူးပေါင်း၍ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်သည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေးအင်အားစု ဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပါဝင်သည်။
အဆိုပါ ရာမညစစ်ကြောင်း၏ စစ်ရေးလှုပ်ရှားမည့်ပုံစံ၊ မွန်ပြည်နယ်အတွင်း မွန်လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့များကြား စုစည်းနိုင်မှု၊ ဒေသတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် တော်လှန်ရေးအင်အားစုတို့ကြား မဟာမိတ်ဆက်ဆံရေး၊ စစ်ရေးနိုင်ငံရေး မျှော်မှန်းချက်များကို သိရှိနိုင်ရန် ရာမညစစ်ကြောင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံလည်းဖြစ်၊ မွန်ပြည်ကာကွယ်ရေး တပ်(MSDF) စစ်ဦးစီးချုပ်လည်း ဖြစ်သည့် ဒေါက်တာသီရိမွန်ချမ်းကို Myanmar Now က ဆက်သွယ် မေးမြန်း ထားပါသည်။
မေးမြန်း - အောင်ခမ်း၊ တည်းဖြတ် - မြတ်ကြီး