Перейти к содержимому

မော်စကိုမှာအမေရိကန်အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူတင်တွေ့ဆုံ | People's Spring

People's Spring

0:00 / 0:00

မော်စကိုမှာအမေရိကန်အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူတင်တွေ့ဆုံ | People's Spring

15 678 просмотров · 20 часов назад
People's Spring
693 тыс. подписчиков
15 678 просмотров · 20 часов назад
မော်စကိုမှာအမေရိကန်အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူတင်တွေ့ဆုံ စက်တင်ဘာလ- ၆ ၊၂၀၂၆ ။People’s Spring ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့ကို ပူတင်က တွေ့ဆုံ နှုတ်ဆက်နေတာကို တွေ့ရပါတယ်။ စက်တင်ဘာ ၅ ရက်၊ မော်စကိုမြို့တော်မှာ တွေ့ဆုံရာမှာတော့ ပူတင်က လက်ရှိ စစ်ပွဲရဲ့ အခြေအနေက လိုအပ်သလို ကိုင်တွယ်ဖြေရှင်းဖို့ သိပ်မလွယ်ဘူးလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဆီ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းနဲ့ ရုရှားတို့ကြား နှစ်နိုင်ငံ မြို့တော်တွေဆီ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ၃ ရက်ကြာ ရပ်တန့်ပေးထားဖို့ သဘောတူခဲ့တဲ့အတွက် ဝစ်ကော့ဖ်က ပူတင်ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်နေ့မှာတော့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဆီကို ဆက်လက် ထွက်ခွာမှာပါ။ ထရမ့်ကတော့ ဝစ်ကော့ဖ်နဲ့ ကူရှ်နာတို့ဟာ စစ်ရပ်စဲရေး အဆိုပြုချက် တစ်ခုကိုလည်း တစ်ပါတည်း ယူဆောင်သွားခဲ့ကြောင်း ဆိုပါတယ်။ ထရမ့်က အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာတဲ့နောက်ပိုင်း ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေပေမယ့် လက်ရှိ အချိန်ထိတော့ အောင်မြင်တဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်မလာသေးပါဘူး။ ပြီးတော့ အမေရိကန်နဲ့ အီရန်တို့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ အတောအတွင်း ယူကရိန်း စစ်ရပ်စဲရေးကိစ္စ အမေရိကန်ရဲ့ အားထုတ်မှုတွေလည်း အချိန်ကာလ တစ်ခုထိ ရပ်တန့်နေခဲ့ပါသေးတယ်။ ကရင်မလင် နန်းတော်မှာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတွေ့ဆုံချိန်မှာတော့ ပူတင်က ငြိမ်းချမ်းရေးအတွက် ကြားဝင် ကူညီပေးချင်တဲ့ ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခုလို ခရီးစဉ်မျိုးဟာ ဘယ်တော့မှ အကျိုးယုတ်မှာ မဟုတ်ဘူးလို့လည်း ပူတင်က ဆိုပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားဖက်က ကြီးကြီးမားမား ယုံကြည်မှု ထားရှိကြောင်းလည်း ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကိုတော့ တံခါးပိတ် ပြုလုပ်ခဲ့ပြီး သုံးနာရီလောက် ကြာမြင့်ခဲ့တယ်လို့ ရုရှား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။ ===== အရပ်ဖက် ရေယာဉ်တွေကို အီရန်နဲ့ အမေရိကန် အပြန်အလှန် တိုက်ခိုက် စက်တင်ဘာလ- ၆ ၊၂၀၂၆ ။People’s Spring အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ အီရန်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရေနံတင် သင်္ဘောနှစ်စီးကို ဆက်ပြီး မောင်းနှင်လို့ မရတော့တဲ့ အခြေအနေထိ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက တစ်စီးဟာ အီရန်ရဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ခါ့ဂ်ကျွန်းနားမှာ ရှိနေခဲ့တာပါ။ ဒါ့အပြင် အိုမန်ပင်လယ်ကွေ့မှာ ရှိနေတဲ့ နောက်ထပ် အီရန် ရေယာဉ် တစ်စီးကိုတော့ လုံးဝဥဿုံ ချေမှုန်း ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။ အီရန် အစိုးရ မီဒီယာကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်နဲ့ အဆက်အစပ်ရှိတဲ့ အရပ်ဖက် ရေယာဉ် ၃ စီးကို လက်တုံ့ပြန် ပစ်ခတ်ခဲ့သလို အီရန်က ခွင့်ပြုချက် မပေးဘဲ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရေနံတင် သင်္ဘော ၃ စီးကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ တစ်လလောက်ကြာအောင် တိုက်ပွဲတွေ ရပ်နေခဲ့ရာက အခုလဆန်းပိုင်းလောက်ကစပြီး နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာခဲ့တာပါ။ အခုနောက်ဆုံး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဘာမှတ်ချက်မှ မပေးသေးပေမယ့် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အဓိပ္ပါယ်က ရိုးရိုးလေးဖြစ်ကြောင်း၊ အီရန်က အမေရိကန် သင်္ဘောတွေကို ပစ်ခတ်ရင် အီရန်ရဲ့ ရေနံတင် သင်္ဘောတွေကို အမေရိကန်က ဖျက်ဆီး နှစ်မြှုပ်မှာ ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ အီရန်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ကတော့ အမေရိကန်က အီရန်နဲ့ ပတ်သက်တဲ့ ရေနံတင် သင်္ဘောတွေကို မတိုက်ခိုက်ခင် ဒေသတွင်း ရေပြင်မှာ ရှိနေတဲ့ အမေရိကန် စစ်သင်္ဘော နှစ်စီးကို အီရန်က စတင်ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့မှုတွေကို အမေရိကန် စစ်သင်္ဘောတွေက အောင်အောင်မြင်မြင် တိမ်းရှောင်နိုင်ခဲ့တယ်လို့လည်း CENTCOMက ဆိုပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောတစ်စီးနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်သလို အမေရိကန် ရေတပ်သားတွေအားလုံး အထိအခိုက် မရှိခဲ့ဘူးလို့ CENTCOM ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ CENTCOMဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေး ကဏ္ဍတွေကို ကွပ်ကဲနေတဲ့ စစ်ဌာနချုပ် ဖြစ်ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ယူကရိန်းစစ်ပွဲ #ရုရှားအမေရိကန် #ဗလာဒီမာပူတင် #ဒေါ်နယ်ထရမ့် #စစ်ရပ်စဲရေး #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #RussiaUkraineWar #Putin #Trump #SteveWitkoff #JaredKushner #MoscowTalks #CeasefireNegotiations #အမေရိကန်အီရန်တင်းမာမှု #ဟောမုဇ်ရေလက်ကြား #ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှု #ရေနံဈေးနှုန်း #စစ်ရေးတင်းမာမှု #အရှေ့အလယ်ပိုင်းအရေး #USIranConflict #StraitOfHormuz #TankerAttack #CENTCOM #MiddleEastTensions #OilCrisis