Перейти к содержимому

တရုတ်က အရှိန်မြှင့်လာတဲ့ အရှေ့အလယ်ပိုင်းဒေသ ဩဇာလွှမ်းမိုးရေး ခြေလှမ်းများ | People's Spring

People's Spring

0:00 / 0:00

တရုတ်က အရှိန်မြှင့်လာတဲ့ အရှေ့အလယ်ပိုင်းဒေသ ဩဇာလွှမ်းမိုးရေး ခြေလှမ်းများ | People's Spring

47 606 просмотров · 1 день назад
People's Spring
693 тыс. подписчиков
47 606 просмотров · 1 день назад
တရုတ်က အရှိန်မြှင့်လာတဲ့ အရှေ့အလယ်ပိုင်းဒေသ ဩဇာလွှမ်းမိုးရေး ခြေလှမ်းများ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ဆီ တရုတ် သမ္မတ ရှီကျင့်ဖျင်က အလည်အပတ် ရောက်ရှိလာပြီး အီဂျစ် အစိုးရကလည်း တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကဏ္ဍတချို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ နိုင်ငံနှစ်ခုကြားက သာမန် သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု လုပ်ထုံးလုပ်နည်း တစ်ခုလိုပါပဲ။ ဒါပေမဲ့ နိုင်ငံတကာအရေး စောင့်ကြည့် လေ့လာသူတွေကတော့ ၁၀ နှစ်လောက်အတွင်း အီဂျစ်ဆီ ပထမဆုံးအကြိမ် ရှားရှားပါးပါး သွားရောက်တဲ့ ရှီရဲ့ ခရီးစဉ် နောက်ကွယ်မှာ ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ရှီဟာ အရှေ့အလယ်ပိုင်း ဒေသမှာ တရုတ်ရဲ့ နိုင်ငံရေး အရှိန်အဝါ လွှမ်းမိုးမှုကို ပိုမိုဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အဲဒီ ဒေသတွင်းမှာ ပြိုင်ဘက် အမေရိကန်ရဲ့ ခြေကုပ်ယူ စိုးမိုးမှုက အရမ်းခိုင်ခိုင်မာမာ ရှိနေတာကြောင့် တရုတ်အတွက် တိုးပေါက်နိုင်ဖို့ မလွယ်ခဲ့ပါဘူး။ လတ်တလောမှာတော့ ၆ လကျော် ကြာမြင့်လာတဲ့ထိ အီရန်စစ်ပွဲကို အမေရိကန်က အဆုံးမသတ်နိုင်သေးဘဲ အရှေ့အလယ်ပိုင်းမှာ ဂယက်တွေ ထနေတဲ့အချိန်၊ တစ်နည်းအားဖြင့် ဒေသတွင်းမှာ အမေရိကန် ဩဇာ အထိုက်အလျောက် ယိမ်းယိုင်နေချိန်မှာ ရှီက အီဂျစ်ကို သွားရောက်ခဲ့တာပါ။ ပြီးတော့ အီဂျစ်ဆိုတာဟာ အစဉ်အလာအရ အမေရိကန်အတွက် အရေးပါတဲ့ မဟာဗျူဟာ မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ နှစ်ရှည်လများ ကျင့်သုံးခဲ့တဲ့ တံခါးပိတ် ဝါဒကို စွန့်လွှတ်ပြီးတဲ့နောက် တရုတ်ဟာ ဆယ်စုနှစ် နည်းနည်းလောက် အကြာမှာပဲ စူပါပါဝါ နိုင်ငံတစ်ခု အဆင့်ကို တက်လှမ်းလာပါတယ်။ ရှီကလည်း တရုတ်ကို ဒေသတွင်း တည်ငြိမ်မှုတွေကို ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတစ်ခုအဖြစ် ပုံဖော်ချင်လာပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ မဟာဗျူဟာအရ အရေးပါတဲ့ ကမ္ဘာ့ဇုန်နယ်မြေ တော်တော်များများမှာ မဟာမိတ်တွေ၊ မိတ်ဖက်တွေ ရှာဖွေထားပြီး တရုတ်ထက် ခြေလှမ်း တော်တော်များများ အသာစီး ရနေပါပြီ။ အင်အားကြီးထွားလာတဲ့ တရုတ်ဟာ အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဇုန်တဝိုက်ကနေ ဖောက်ထွက်ပြီး ဩဇာဖြန့်ကျက်ဖို့ ကြိုးစားလာတဲ့အခါ အမေရိကန်ရဲ့ အကဲသာမှုက ကြီးမားတဲ့ အဟန့်အတား ဖြစ်လာပါတယ်။ ဝါရှင်တန်ဒီစီ အခြေစိုက် Carnegie Middle East Program သုတေသန အဖွဲ့ရဲ့ ဒါရိုက်တာ အေမာ ဟမ်ဇာဝီကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ အမေရိကန်ဟာ ကိုယ့်ရဲ့ အပျော့ထည် ပါဝါ (soft power)ကို ကိုယ်တိုင် ဖြိုချနေချိန်မှာ တရုတ်ကတော့ အဲဒီ အပိုင်းကို အာရုံစိုက်ပြီး မြှင့်တင်နေကြောင်း ပြောပါတယ်။ အပျော့ထည် ပါဝါဆိုတာကတော့ စစ်အင်အားနဲ့ လွှမ်းမိုးတာမျိုး မဟုတ်ဘဲ သံတမန်ရေး၊ ယဉ်ကျေးမှု၊ အကူအညီတွေနဲ့ နိုင်ငံရေးဆွဲဆောင်မှုတွေနဲ့ ဩဇာ သက်ရောက်စေတာမျိုးကို ဆိုလိုပါတယ်။ ရှီရဲ့ ကိုင်ရိုမြို့တော် ခရီးစဉ်ကို အမေရိကန်ကလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှာ သံသယရှိဖို့ မလိုပါဘူး။ စက်တင်ဘာ ၁ ရက်နေ့ ညနေ့က ကိုင်ရို နိုင်ငံတကာ လေဆိပ်ဆီ ရှီရဲ့လေယာဉ် ဆိုက်လာတဲ့အခါ သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီကိုယ်တိုင် လေဆိပ်မှာ ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အီဂျစ်သမ္မတ အိမ်တော်မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရှီက တစ်ဖက်သတ် ဖိအားပေး အနိုင်ကျင့်တဲ့ လုပ်ရပ်တိုင်းကို အီဂျစ်နဲ့ တရုတ်တို့ ပူးပေါင်း ဆန့်ကျင်သင့်ကြောင်း အယ်လ်စီစီကို ပြောကြားခဲ့ပါတယ်။ အဲဒီအစား တရားမျှတတဲ့၊ သာတူညီမျှရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ထွန်းလာရေး နှစ်နိုင်ငံ လက်တွဲ ကြိုးစားဖို့ ရှီက ဖိတ်ခေါ်ခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အီဂျစ်ကို ရောက်ရှိနေချိန် အတောအတွင်း ရှီဟာ ကမ္ဘာကျော် ဂီဇာ ပိရမစ်ကြီးတွေနားက မဟာအီဂျစ် ပြတိုက်ကြီးဆီကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါဟာ အီဂျစ်ကို ၁၀ နှစ်လောက်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်သလို အရှေ့အလယ်ပိုင်း ဒေသတွင်းကိုတော့ ၄ နှစ်လောက် ကြာပြီးမှ ရှီက ပြန်လည် ခြေချလာတာ ဖြစ်ပါတယ်။ ၂၀၂၂ တုန်းကတော့ ရှီဟာ ဆော်ဒီအာရေးဘီးယားဆီ တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ဖူးပါတယ်။ အီဂျစ်ဟာ မြေပုံပေါ်မှာတော့ အာဖရိက နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပေမယ့် ပထဝီဝင် နိုင်ငံရေးအရတော့ အရှေ့အလယ်ပိုင်း ဇုန်ထဲမှာ ထည့်သွင်းသတ်မှတ် ခံရပါတယ်။ ရှီက အီဂျစ်ကို ၁၀ နှစ်ကြာပြီးမှ ပထမဆုံး ရောက်လာခဲ့ပေမယ့် အယ်လ်စီစီကတော့ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံဆီ အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ အီဂျစ်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်တိုက် တိုးတက်လာနေခဲ့ပြီး ရှီရဲ့ ကိုင်ရို ခရီးစဉ်ကတော့ သင့်တော်တဲ့ အချိန်တစ်ခုမှာ အဲဒီ အရှိန်ကို ထပ်မြှင့်ဖို့ ဂီယာပြောင်းပေးလိုက်တဲ့ သဘောမျိုးပါပဲ။ ပြီးတော့ ၂၀၂၆ ခုနှစ်ဟာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာပဲ အီဂျစ် အစိုးရပိုင် သတင်းစာတွေဟာ ရှီနဲ့ အယ်လ်စီစီ ကိုယ်တိုင် ရေးသားပြီး တရုတ်-အီဂျစ် ဆက်ဆံရေးကို ချီးမြှောက် ထောမနာပြုထားတဲ့ ချစ်ကြည်ရေး ဆောင်းပါးတွေကို အသီးသီး ဖော်ပြခဲ့ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #China #Egypt #Chinaandegypt