Khit Thit သတင်းဌာန၏ ဩဂုတ် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media
0:00 / 0:00
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
715 568 просмотров · 2 года назад
Khit Thit Media
3,28 млн подписчиков
715 568 просмотров · 2 года назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေအနေနဲ့ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးရင် ထိန်းထားနိုင်ဖို့က အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က ခမရ ၄၃၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်သုံ့ပန်းအရာရှိက ဝန်ခံထွက်ဆိုလိုက်ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ခမရ ၁၅ တပ်ရင်းအပါအဝင် အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၉ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။