Перейти к содержимому

မဲဆန္ဒရှင် သန်း ၁၃၀ စာရင်းမှ ဖယ်ရှားမှုကြောင့် အိန္ဒိယမှာ ဆန္ဒပြပွဲများ ပြင်းထန်

Myanmar Now News

0:00 / 0:00

မဲဆန္ဒရှင် သန်း ၁၃၀ စာရင်းမှ ဖယ်ရှားမှုကြောင့် အိန္ဒိယမှာ ဆန္ဒပြပွဲများ ပြင်းထန်

19 540 просмотров · 14 ч назад
Myanmar Now News
1,21 млн подписчиков
19 540 просмотров · 14 ч назад
မဲဆန္ဒရှင် သန်း ၁၃၀ စာရင်းမှ ဖယ်ရှားမှုကြောင့် အိန္ဒိယမှာ ဆန္ဒပြပွဲများ ပြင်းထန် ---------------------------------------------- အိန္ဒိယနိုင်ငံမှာ ပိုးဟပ်ကို သင်္ကေတအဖြစ် အသုံးပြုထားတဲ့ လူငယ်လှုပ်ရှားမှုတစ်ခုက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေပါတယ်။ Cockroach Janta Party (CJP) လို့ခေါ်တဲ့ ဒီလှုပ်ရှားမှုဟာ အစပိုင်းမှာ အွန်လိုင်းပေါ်က သရော်လှောင်ပြောင်မှုတစ်ခုအဖြစ် စတင်ခဲ့တာပါ။ အလုပ်လက်မဲ့လူငယ်တွေကို ကပ်ပါးကောင်တွေနဲ့ နှိုင်းယှဉ်ပြောဆိုမှုတစ်ခုအပေါ် တုံ့ပြန်ရာကနေ ပိုးဟပ်ကို သင်္ကေတအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ပညာရေးနဲ့ စာမေးပွဲမေးခွန်းပေါက်ကြားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ အခုတစ်ကြိမ်မှာတော့ မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်မှုကို ဆန့်ကျင်နေပါတယ်။ အိန္ဒိယရွေးကောက်ပွဲကော်မရှင်ရဲ့ Special Intensive Revision (SIR) လုပ်ငန်းစဉ်အတွင်း မဲဆန္ဒရှင်စာရင်းကနေ အမည်သန်း ၁၃၀ ကျော် ဖယ်ရှားခဲ့ပါတယ်။ သေဆုံးသူတွေ၊ နေရပ်ပြောင်းရွှေ့သူတွေနဲ့ အတည်မပြုနိုင်သူတွေကို စာရင်းကနေ ဖယ်ရှားတာလို့ ရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်းထားပေမယ့် အတိုက်အခံတွေကတော့ လူနည်းစုတွေနဲ့ အာဏာရ BJP ပါတီကို မထောက်ခံသူတွေရဲ့ မဲပေးခွင့်ကို ထိခိုက်စေတယ်လို့ စွပ်စွဲထားပါတယ်။ အောက်တိုဘာ ၁၀ ရက်မှာ နယူးဒေလီမြို့မှာ ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တဲ့ လူငယ်တွေ၊ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေပါ ထိန်းသိမ်းခံခဲ့ရပါတယ်။ The Guardian သတင်းမှာတော့ ဖမ်းဆီးခံရသူ ၇,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြပါတယ်။ ဆန္ဒပြပွဲတွေကို တားဆီးဖို့ အာဏာပိုင်တွေက လမ်းတွေ၊ ဘူတာတွေကို ပိတ်ခဲ့ပြီး နေရာအချို့မှာ အင်တာနက်ကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ပိုးဟပ်ပါတီခေါင်းဆောင်တွေဟာအောက်တိုဘာ ၁၁ ရက်မှာ ပြန်လွတ်လာပေမယ့် ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်မယ်လို့ ကြေညာထားပါတယ်။ အိန္ဒိယနိုင်ငံမှာ မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်မှုကနေ စတင်ခဲ့တဲ့ အငြင်းပွားမှုဟာ အခုဆိုရင် မဲပေးခွင့်၊ဆန္ဒထုတ်ဖော်ခွင့်နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှုအပေါ် မေးခွန်းထုတ်မှုတွေအထိ ကျယ်ပြန့်လာနေပါတယ်။ #myanmarnow #indiaprotests #cockroachjantaparty #cjp #delhiprotests #IndiaElection #narendramodi